ထိုင်းမှာမွေးတဲ့ မိဘမဲ့ မြန်မာကလေးတွေကို ထိုင်းမှတ်ပုံတင်တွေ ဒီကနေ့ ထုတ်ပေးမယ်

ထိုင်းမှာမွေးတဲ့ မိဘမဲ့ မြန်မာကလေးတွေကို ထိုင်းမှတ်ပုံတင်တွေ ဒီကနေ့ ထုတ်ပေးမယ်
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့က SAW လို့ခေါ်တဲ့ အမျိုးသမီးနဲ့ ကလေးတွေကို ထိန်းသိမ်းစောင့်ရှောက်ရေးဂေဟာက ကလေးငယ် ၄၆ ယောက်ဟာ ဖေဖော်ဝါရီလ ၄ ရက်နေ့မှာ ထိုင်းနိုင်ငံသားမှတ်ပုံတင်တွေ ရကြတော့မှာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ နိုင်ငံမဲ့မရှိစေရဆိုပြီး ပြဌာန်းလိုက်တဲ့ ဥပဒေအရ ဒီကလေးငယ်တွေကို မှတ်ပုံတင်ထုတ်ပေးတာဖြစ်တယ်ဆိုပြီး ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

'ကလေးတွေကို ထိုင်းနိုင်ငံမှာ မွေးဖွားကြောင်း အထောက်အထားစစ်တယ်၊ သူတို့မှာ ဆွေမျိုးသားချင်းလုံးဝမရှိတာ၊ အသက် ၁၀ နှစ်အထက် အရွယ်ရှိသူတွေဖြစ်တယ်ဆိုတဲ့ အချက်တွေကို ၃ လ ကနေ ၆ လ အတွင်း အသေအချာစစ်ခဲ့ပြီးမှ မှတ်ပုံတင်ထုတ်ပေးတာ ဖြစ်တယ်' လို့ SAW အဖွဲ့က နာယက နိုင်ဆူရဖုန်ကောင်ကျန်တစ် က ပြောပါတယ်။

SAW ဂေဟာရဲ့ ဒါရိုက်တာဒေါ်အေးအေးမာကလည်း အခုမှတ်ပုံတင်ထုတ်ပေးဖို့ စိစစ်တဲ့အဖွဲ့ဟာ ပထမဆုံးအသုတ်ဖြစ်ပြီး နောက်ထပ်စိစစ်နေတဲ့ ကလေးငယ် ၇၀၀ ကျော် ရှိသေးတယ်လို့လည်း ပြောပါတယ်။

BBC Burmese
https://www.bbc.com/burmese
ထိုင်းမှာမွေးတဲ့ မိဘမဲ့ မြန်မာကလေးတွေကို ထိုင်းမှတ်ပုံတင်တွေ ဒီကနေ့ ထုတ်ပေးမယ် ထိုင်းမှာမွေးတဲ့ မိဘမဲ့ မြန်မာကလေးတွေကို ထိုင်းမှတ်ပုံတင်တွေ ဒီကနေ့ ထုတ်ပေးမယ် Reviewed by THITHTOOLWIN on 12:38 Rating: 5
Powered by Blogger.