မတ္တရာ ဖေဖော်ဝါရီ ၂
မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် မန္တလေး-မိုးကုတ်ကားလမ်းတွင် ဖေဖော်ဝါရီ ၂ရက် နံနက်ပိုင်းက ယာဉ်မောင်းအိပ်ငိုက်သဖြင့် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယာဉ်တိုက်မှုဖြစ်ပွားကြောင်းသတင်းအရမတ္တရာမြို့မရဲစခန်းမှ တာဝန်မှူးဒုရဲအုပ် သိန်းစိုးသည် သက်သေများအတူသွားရောက် စစ်ဆေးရာမတ္တရာမြို့နယ် ဝသုန္ဒရကျေးရွာတောင် ဘက် နှောပင်နတ်စင်အနီးမန္တလေး-မိုးကုတ်ကားလမ်း မိုင်တိုင်အမှတ်(၁၃/၄)နှင့်(၁၃/၅)အကြား MDY/GG-----အေဒီဗင် အဖြူရောင် (Hello Taxi မန္တလေး-ဖားကန့်)ခရီးသည်တင် ယာဉ်အားယာဉ်မောင်း ချစ်ဦးမောင်(၃၅)နှစ် စဥ့်ကူးမြို့နယ်နေ သူမောင်းနှင်သောခရီးသည်(၆)ဦးလိုက်ပါလာပြီးယာဉ်မောင်းမှ အိပ်ငိုက်၍ လမ်း၏ဝဲဘက်ခြမ်းရှိသစ်ပင်အား ဝင်ရောက်မိပြီးအရှိန်လွန်ကာကားလမ်းဘေးချောက်ထဲသို့ ထိုးကျသွားခဲ့ရာ ရှိန်းကို(၂၅)နှစ် မဟာအောင်မြေမြို့နယ်နေသူမှာ ဝဲခြေသလုံးရိုးကျိုး၊ ယာနဖူးပွန်းပဲ့ဒဏ်ရာ၊ ဦးမျိုးညွန့်(၅၂)နှစ် မဟာအောင်မြေမြို့နယ်နေသူမှာရင်ဘက်အောင့်၊ ဝဲခြေဖမိုးပေါက်ပြဲ၊ တင်ပဆုံနာကျင်ဒဏ်ရာ၊ ကိုရွှေမန်း(၃၁)နှစ် မဟာအောင်မြေမြို့နယ်နေသူမှာယာမျက်ခုံးကွဲ၊ ဝဲနံဘေးအောင့်ဒဏ်ရာ၊ ကိုမျိုးမြင့်အောင်(၂၉)နှစ် မဟာအောင်မြေမြို့နယ်နေသူမှာရင်ဘက်အောင့် ခါးနာကျင်ဒဏ်ရာတို့ရရှိခဲ့ပြီးယာဉ်မောင်း ချစ်ဦးမောင်မှာနဖူးပေါက်ပြဲဒဏ်ရာ၊ ခြေသလုံးပွန်းပဲ့ ဒဏ်ရာ၊ယာဖနောင့်ပေါက်ပြဲဒဏ်ရာတို့ ရရှိခဲ့သဖြင့် မန္တလေးဆေးရုံကြီးသို့ ပို့ဆောင်ကုသစေခဲ့စဉ် ချစ်ဦးမောင်မှာလမ်း၌ သေဆုံးသွားခဲ့သည်။
ယာဉ်ပေါ်တွင် ပါရှိသည့် ဆန်းထွန်း(၃၆)နှစ် မဟာအောင်မြေမြို့နယ်နေသူအားမတ္တရာပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသစေခဲ့ပြီးအခင်းဖြစ်နေရာတွင် ဒဏ်ရာများဖြင့် သေဆုံးသွားသောဦးထွန်းဇော်(၄၅)နှစ် မဟာအောင်မြေမြို့နယ် နေသူအားမတ္တရာပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့သည်။
အဆိုပါဖြစ်စဉ်မှ မိမိကိုယ်နှင့် အခြားသေဆုံးစေပြီး ဒဏ်ရာများရရှိအောင် မဆင်မခြင် မောင်းနှင်သော ယာဉ်မောင်းအားမတ္တရာမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။
စိုးကျော်သူထွေး(မတ္တရာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/