မုံရွာတွင် စုံတွဲအား မျက်နှာဖုံးစွပ် ဓားထောက်လုတဲ့ တရားခံတွေ ဖမ်းမိပြီ


မုံရွာ၊ ဒီဇင်ဘာ ၁၃၊ ၂၀၁၈။

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကမ်းနားလမ်းတွင် ညအချိန်ချိန်းတွဲနေသော စုံတွဲအား မျက်နှာဖုံးစွပ် ဓားထောက်လုခဲ့သော လူငယ်များအား ဒီဇင်ဘာ ၁၂ရက် နံနက်အစောပိုင်းတွင် ထမ်းမိခဲ့သည်ဟု မြို့မရဲစခန်းမှ သတင်းရရှိသည်။

ဖမ်းမိသော လူငယ်များသည် အသက် ၂၀ အောက်လူငယ်များဖြစ်ပြီး အောင်ချမ်းသာရပ်ကွက်မှ ၆ ဦး ကန်သာဦးရပ်ကွက်မှ ၁ဦးဖြစ်သည်။၎င်းတို့ထဲမှ လူငယ်အချို့သည် ကန်သာယာကန်ပတ်လမ်းတွင် ချိန်းတွေ့နေသော စုံတွဲအား ထပ်မံလုယက်စဉ် ဖမ်းမိခဲ့ခြင်း ဖြစ်သည်။

မုံရွာရဲတပ်ဖွဲ့ လှည့်ကင်းတာဝန်ဆောင်ရွက်နေစဉ် ကန်ပတ်လမ်းတွင် လူငယ်အချို့ရန်ဖြစ်နေကြောင်းသတင်းအရ သွားရောက်စဉ် လူငယ် ၇ဦးကို ဆိုင်ကယ် သုးံစင်းနှင့်အတူ ဖမ်းမိခဲ့သည်ဟု ဆိုသည်။
"ပထမ ဖမ်းမိ တဲ့ ၇ ယောက်ထဲမှာ အရင်စုံတွဲကို လုခဲ့တဲသူ့ ၄ ဦးပါတယ်၊ သူတို့ကိုစစ်ရာကနေ ကျန်တဲ့ ၃ယောက်ကို အိမ်တွေမှာ သွားဖမ်းတာ" ဟု ရဲတစ်ဦးက ပြောသည်။

၎င်းတို့သည် ဒီဇင်ဘာ ၆ ရက်နေ့ည ၉နာရီခွဲက ကမ်းနားလမ်းတွင် ချိန်းတွေ့နေသော စုံတွဲနှင့် အစောင့်ကောင်မလေးတို့အား ဆယ်ပေါက်တွဲအမှောင်ရိပ်ဘက်သို့ခေါ်ဆောင်ပြီး ကောင်လေးအား ဒူးထောက်ထိုင်ခိုင်း၍ နှာခေါင်းကို ဓားဖြင့်ထိုးခဲ့ကြောင်၊ဖုန်းများကိုယူဆောင်၍ ထွက်ပြေးသွားကြောင်း ကာယကံရှင်များ၏ ရဲစခန်းအမှုဖွင့်တိုင်ချက်အရသိရသည်။

၎င်းတို့ စီးလာသော ဆိုင်ကယ်များကို စုံတွဲမှ မှတ်သားထိုင်ပြီး ရဲစခန်းသို့တိုင်ချက်ဖွင့်ခဲ့ရာ ဖမ်းမိသော အချိန်တွင် စီးနင်းခဲ့သော ဆိုင်ကယ်များဖြစ်၍ စစ်ဆေးဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။

ကျူးလွန်မှုများနှင့်ဆက်စပ်ဖမ်းဆီးထားသော လူငယ် ၁၀ ဦးတွင် ကိုးတန်းကျောင်းသားတစ်ဦးပါဝင်ပြီး ကျန်သူများမှာ ပုဂ္ဂလိကဆေးရုံလုပ်သားများ၊ကွမ်းယာဆိုင်၊ဆံပင်ညှပ်ဆိုင်၊ဆိုင်ကယ်ဝပ်ရှော့အလုပ်သမားများဖြစ်ကြသည်။

ဖမ်းမိသူများထဲမှ ကမ်းနားလမ်းစုံတွဲကို ဓားထောက်ရိုတ်နှက်လုယက်ခဲ့သော လူငယ် ၇ ဦးကို ပုဒ်မ ၃၉၅ဖြင့် အမှုဖွင့် ထားသည်။

နှင်းမောင်
Central News Myanmar
https://www.facebook.com/CNMyanmar/
မုံရွာတွင် စုံတွဲအား မျက်နှာဖုံးစွပ် ဓားထောက်လုတဲ့ တရားခံတွေ ဖမ်းမိပြီ မုံရွာတွင် စုံတွဲအား မျက်နှာဖုံးစွပ် ဓားထောက်လုတဲ့ တရားခံတွေ ဖမ်းမိပြီ Reviewed by THITHTOOLWIN on 01:00 Rating: 5
Powered by Blogger.