မူဆယ်တွင် ယာဉ်လေးဆင့် တိုက်မှုဖြစ်ပွားရာ နှစ်ဦးသေဆုံး


မူဆယ် ဒီဇင်ဘာ ၆

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်ခရိုင် မူဆယ်မြို့ ဟိုနားရပ်ကွက်၊ မြို့ပတ်လမ်းမကြီးပေါ်၌ ဒီဇင်ဘာ ၆ ရက် နံနက် ၈နာရီခန့်တွင် ယာဉ်တိုက်မှုလေးဆင့် ဖြစ်ပွားရာ နှစ်ဦးသေဆုံးခဲ့ကြောင်းသိရ သည်။

ဖြစ်စဉ်မှာ အမှတ်(၁၂၃)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံး၊ မူဆယ်မှ ဒုရဲအုပ် ဇော်မျိုးအောင်သည် တာဝန်မှူး တာဝန်ဆောင်ရွက်နေစဉ် မူဆယ်မြို့၊ ဟိုနားရပ်ကွက်၊ မြို့ပတ်လမ်းမကြီးပေါ်၌ ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ သွားရောက်စစ်ဆေးရာ ယာဉ်မောင်း ကျော်လင်းအောင်(၃၆)နှစ်၊ မောင်းနှင်လာသည့်ယာဉ် အမှတ် 8I/---- Yangon 12-W/T TRUCK အမျိုးအစား အဖြူ/အပြာရောင် (၁၂)ဘီးယာဉ်သည် မြို့အ၀င် အေးရှားဝေါလ်းတိုးဂိတ်ဘက်မှ ကားလမ်းမကြီးအတိုင်းမောင်းနှင်လာပြီး ယာဉ်ကြောကြပ် တည်းနေသည့် နေရာတွင် ရှေ့၌တန်းစီရပ်တန့်ထားသည့် ယာဉ်များကျော်တက်၍ အရှိန်ပြင်းစွာမောင်းနှင်လာခဲ့ရာ ယာဉ်ကြော အတိုင်း တန်းစီရပ်တန့်ထားသည့် ယာဉ်မောင်းသန်းထွန်းအောင်(၃၄)၊မောင်းနှင်သည့် 3M/----Scania အမျိုး အစားအဖြူရောင်(၁၈)ဘီးယာဉ်၏ နောက်ပိုင်းအား ၀င်ရောက်တိုက်မိခဲ့ပြီး ကျော်လင်းအောင်မောင်းနှင်သည့် ယာဉ်သည် ၀ဲဘက်ခြမ်းကားလမ်းဘေး ရေနှုတ်မြောင်းတွင်းသို့ ကားဘီးကျကာ ရပ်တန့်သွားကြောင်းသိရသည်။


ဆက်လက်၍ ယာဉ်မောင်းသန်းထွန်းအောင် မောင်းနှင့်သည့် ယာဉ်သည့် ၄င်းယာဉ်ရှေ့တွင် စီတန်းရပ် ထားသည့် ဦးခင်လတ်(၆၀)နှစ်၊မောင်းနှင်သည့်ယာဉ်ကို တစ်ဆင့်ဝင်ရောက် တိုက်မိကာ ဦးခင်လတ်မောင်း နှင်သည့် ယာဉ်မှ ထပ်ဆင့်၎င်း ယာဉ်ရှေ့တွင် ရပ်တန့်ထားသည့် ယာဉ်မောင်းတင်ထွန်းနိုင် (၄၁)နှစ်၏ ယာဉ်နောက်ပိုင်းအား ထပ်မံတိုက်မိခဲ့သည်။

 ယာဉ်မောင်းကျော်လင်းအောင်သည် ၀မ်းဗိုက်ပွင့်ထွက်ဒဏ်ရာနှင့် ယာဉ်မောင်းသန်းထွန်းအောင်သည် ဦးခေါင်းပွင့်ထွက်ဒဏ်ရာတို့ဖြင့် အခင်းဖြစ်သည့်နေရာတွင် သေဆုံးခဲ့ပြီး မူဆယ်ပြည်သူ့ဆေးရုံသို့ မူးခင်းဆေးစာနှင့်အတူ တင်ပို့ကုသစေကာ အခြားယာဉ်မောင်း များမှာ ဒဏ်ရာရရှိမှုမရှိကြောင်းသိရသည်။

 ယာဉ်အား ပေါ့လျော့စွာ မောင်းနှင်ပြီး အခြားယာဉ်များဝင်ရောက်တိုက်မိကာ သန်းထွန်းအောင်အား ဒဏ်ရာရရှိအောင်ပြုလုပ်သေဆုံး စေမှုနှင့်မိမိကိုယ်ကို သေဆုံးအောင်ပြုလုပ်သူယာဉ် မောင်းကျော်လင်းအောင်အား မူဆယ်မြို့မရဲစခန်း၏ ယာဉ်(ပ)၅၀/၁၈၊ ရာဇသတ်ကြီးဥပဒေ ပုဒ်မ-၂၇၉/၃၀၄-က ဖြင့်အရေးယူဆောင် ရွက်လျက်ရှိကြောင်းသိရသည်။

ဗန်ရိုးထန်(ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
မူဆယ်တွင် ယာဉ်လေးဆင့် တိုက်မှုဖြစ်ပွားရာ နှစ်ဦးသေဆုံး မူဆယ်တွင် ယာဉ်လေးဆင့် တိုက်မှုဖြစ်ပွားရာ နှစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 21:38 Rating: 5
Powered by Blogger.