အမည်​မသိ လက်​နက်​ကိုင်​ အဖွဲ့ က ဓာတ်​ဆီးလူးထားသည့်​မီးတုတ်​ဖြင့်​ အိမ်​​ခေါ်မိုး​ပေါ်ပစ်​တင်​ခြင်း၊ လက်​နက်​ဖြင့်​ပစ်​ခတ်​ခြင်းဖြစ်​ပွား


ဒီဇင်​ဘာ ၆။

ရှမ်းပြည်​နယ်​​တောင်​ပိုင်း မိုင်းပန်မြို့နယ် မိုင်း​ပုတ်ကျေးရွာတွင် အမည်မသိ လက်​နက်​ကိုင်​အဖွဲ့အစည်းက ​​ဓါတ်ဆီဖြင့်လူးထားသော အဝတ်စုတ်ကိုမီးရှို့ကာ အိမ်ခေါင်မိုးများပေါ်ပစ်တင်ခြင်း လက်နက် ဖြင့်ပစ်ခတ်ခြင်း ဖြစ်ပွားခဲ့​​​​​​​​​ကြောင်း ဒီဇင်ဘာ ၅ ရက်တွင် ရွာသားများ ပြောပြချက်အရသိရသည်။

ဒီဇင်ဘာ( ၅ )ရက် နံနက်(၂)နာရီအချိန်တွင်ဓါတ်ဆီးလူးထားသည့်​ အဝတ်စများကိုမီးရှို့ကာ အိမ်ခေါင်မိုးပေါ်ပစ်တင်ခဲ့ပြီး အိမ်ကို မီးရှို့ရန် ရည်​ရွယ်ခဲ့​​သော်လည်း ​​ဆီးနှင်းများကြောင့် အိမ်မီးမ​လောင်​ဘဲ အဝတ်စများသာမီးလောင်ခဲ့ကြောင်း သိရသည်။

“ရွာပြင်နားကအိမ်တွေကို မီးရှို့ထားတဲ့အဝတ်စမီးတုတ်တွေနဲ့ အိမ်ပေါ်လှမ်းပစ်ကြတာ၊ မနက်ခင်းဆိုတော့ ဆီးနှင်းတွေ သွပ်မိုးပေါ် မှာအပြည့်ဆိုတော့ အိမ်ကိုမီးမလောင်ဘူး၊ အဲဒါနဲ့ သေနတ်ကြီးတွေနဲ့ သုံးချက်လောက်လှမ်းပစ်နေသေးတယ်၊ ရွာသား​တွေက ကြောက်လို့ ဘယ်သူမှလည်း မထကြည့်ရဲဘူး၊ ဘယ်အဖွဲ့မှန်တောင် သေချာ မမြင်လိုက်ရဘူး၊ ဒီမနက်တော့ ရွာထဲမှာလည်း ရှုတ်ယှက် ခတ်နေ ရော၊ ထင်တာတော့ RCSS ပဲဖြစ်မှာ သူတို့တွေပဲရွာနား မှာလှည့် နေကြတာလေ”ဟု မိုင်းပု​တ်ရွာ​ဒေသခံ အမျိုးသမီးတစ်ဦး​ကပြော သည်။

ဓါတ်ဆီးလူးထားသည့်​ အဝတ်စ မီးတုတ်​များသည်​ ၈ ခုခန့်ရှိကြောင်း၊ ထိုသို့လှမ်းပစ်ခံနေရသောအိမ်ရှင်များက သိနေသော်လည်း ကြောက် နေသဖြင့် မည်သို့မျှလှုပ်ရှားမှုများမပြုခဲ့ကြောင်း ရွာသားများက ဆိုသည်။

မိုင်း​ပုတ်ရွာ​​ဒေသခံအမျိုးတစ်ဦး​​ ကလည်း''ရွာလုံခြုံရေးတွက် တပ်မတော်ကရွာတောင်ဘက်မှာ စခန်းချတယ် သူတို့ကရွာရဲ့ အ နောက်မြောက်ကနေအိမ်ကိုမီးရို့သေနတ်လာပြစ်တာ တပ်မတော်ဘက် ကဘာမှပြန်ပစ်တာမရှိဘူး တပ်မတော်ကနေမနက်လို(၁၁) နာရီ လောက်မှ လာစစ်တယ် ကျည်ဆံကိုလာကောက်သွားတယ်´´ဟု ဆိုသည်။

မိုင်းပု​တ်ရွာသည် ပအိုဝ်းတိုင်းရင်းသားများနေထိုင်သောရွာဖြစ်ပြီး ပြီးခဲ့သည့်​လများတွင်လည်း အတင်းအဓမ္မရွာ ပြောင်းရွှေ့ခြင်းခံခဲ့ရ သော ရွာတစ်ရွာဖြစ်သည်။

မိုင်းပန်​မြို့နယ်​ ပန်ပီး​ဒေသတွင်​ ပြီးခဲ့သည့်​နိုဝင်ဘာ (၇) ရက်က ဘုန်းကြီးကျောင်းမီးလောင်ပြီးချိန်မှစ၍ မြန်မာ့တပ်မတော်မှ ပန်ပီး ဒေသအတွက် လုံခြုံရေးယူပေးမည်ဟု ဆိုခဲ့သော်လည်း ဝမ်မုတ် ကျေးရွာအတွင်း သေနတ်သံကြား​နေသည်​ကို လာရောက်ကူညီ ပေးခြင်းမရှိခဲ့ကြောင်း ရွာသားများပြောပြချက်အရသိရသည်။

ခမ်းသား​ငေါဝ်း
The People's Voice - ခမ်းသားငေါဝ်း
https://www.facebook.com/KhamSarNgor
အမည်​မသိ လက်​နက်​ကိုင်​ အဖွဲ့ က ဓာတ်​ဆီးလူးထားသည့်​မီးတုတ်​ဖြင့်​ အိမ်​​ခေါ်မိုး​ပေါ်ပစ်​တင်​ခြင်း၊ လက်​နက်​ဖြင့်​ပစ်​ခတ်​ခြင်းဖြစ်​ပွား အမည်​မသိ လက်​နက်​ကိုင်​ အဖွဲ့ က ဓာတ်​ဆီးလူးထားသည့်​မီးတုတ်​ဖြင့်​ အိမ်​​ခေါ်မိုး​ပေါ်ပစ်​တင်​ခြင်း၊ လက်​နက်​ဖြင့်​ပစ်​ခတ်​ခြင်းဖြစ်​ပွား Reviewed by THITHTOOLWIN on 20:58 Rating: 5
Powered by Blogger.