ဘင်္ဂလာဒေ့ရှ်ဒုက္ခသည်စခန်းတွင် နှစ်နှစ်အရွယ်သားဖြစ်သူကို မိခင်ဖြစ်သူက လည်ပင်းညှစ်သတ်၍ ဖမ်းဆီးခံရ


နိရဉ္စရာ၊ ဒီဇင်ဘာ ၇

မြန်မာနိုင်ငံမှ ထွက်ပြေးတိမ်းရှောင်သွားသူများနေထိုင်ရာ ကော့စ်ဘဇားခရိုင်၊ အိုကီးယားမြို့နယ်ရှိ ကူတူပါလောင် ဒုက္ခသည်စခန်းတွင် ၂ နှစ်သားအရွယ် သားဖြစ်သူအား မိခင်အရင်းဖြစ်သူမှ လည်ပင်းညှစ်သတ်လိုက်သဖြင့် မိခင်ဖြစ်သူကို ရဲက ဖမ်းဆီးလိုက်သည်ဟု Ukhiyanews တွင် သတင်းဖော်ပြထားသည်။

၎င်းဖြစ်စဉ်မှာ လွန်ခဲ့သည့် ဗုဒ္ဓဟူးနေ့ ဒီဇင်ဘာ ၅ ရက် ညဥ့်အချိန်တွင် ကူတူပါလောင် ဘင်္ဂလီ ဒုက္ခသည်စခန်းရှိ ဘီ Block တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး မိခင်ဖြစ်သူ မိုနိုဝါရာဘေဂွန် (၂၅) နှစ်က သားဖြစ်သူ ဇူဘိုင် (၂) နှစ်အား လည်ပင်းညှစ်သတ်လိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။

သေဆုံးသူ ကလေးငယ် ဇူဘိုင်၏ ဖခင်ဖြစ်သူ ချူနာမီယာမှ အိုကီးယားရဲစခန်းတွင် အမှုဖွင့်တိုင်ကြားရာမှ နောက်တစ်နေ့ နံနက်တွင် သတ်ဖြတ်သူ မိုနိုဝါရာ ဘေဂွန်အား ဘင်္ဂလာဒေ့ရှ်ရဲတပ်ဖွဲ့ ဖမ်းဆီးလိုက်သည်ဟု သတင်းတွင် ဖော်ပြထားသည်။

အိုကီးယားမြို့နယ်ရဲစခန်း တာဝန်ခံ ရဲမှူး မူဟာမတ် အဘူခါယေမှ ယခုအခါ သေဆုံးခဲ့သည့် ကလေးငယ်၏ အလောင်းအား ကော့စ်ဘဇား ဆေးရုံသို့ စစ်ဆေးရန် ပို့ဆောင်လိုက်ပြီ ဖြစ်ကြောင်း၊ သတ်ဖြတ်သူ မိခင်အား အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောဆိုသည်။

မည်သည့် အတွက်ကြောင့် သားဖြစ်သူအား သတ်ဖြတ်ရသည်ကို သူမအား ရဲက စစ်ဆေးနေကြောင်း သိသည်။

Narinjara
https://www.facebook.com/Narinjara
ဘင်္ဂလာဒေ့ရှ်ဒုက္ခသည်စခန်းတွင် နှစ်နှစ်အရွယ်သားဖြစ်သူကို မိခင်ဖြစ်သူက လည်ပင်းညှစ်သတ်၍ ဖမ်းဆီးခံရ ဘင်္ဂလာဒေ့ရှ်ဒုက္ခသည်စခန်းတွင် နှစ်နှစ်အရွယ်သားဖြစ်သူကို မိခင်ဖြစ်သူက လည်ပင်းညှစ်သတ်၍ ဖမ်းဆီးခံရ Reviewed by THITHTOOLWIN on 21:36 Rating: 5
Powered by Blogger.