မြဝတီမြို့တွင် လမ်းပေါ်သွားလာနေသူများကို အကြောင့်မဲ့ ဓားဖြင့်လိုက်လံထိုးသူကို ရဲတပ်ဖွဲ့ဝင်များက ပိတ်ဆို့ဖမ်းဆီးရမိ


ဘားအံမြို့ ဒီဇင်ဘာ ၂၃

ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ဒီဇင်ဘာ ၂၂ရက် ညနေပိုင်းက လမ်းပေါ်သွားလာနေသူများကို အကြောင့်မဲ့ဓားဖြင့်လိုက်လံထိုးပြီး ထွက်ပြေးနေသော အမျိုးသားတစ်ဦးကိုရဲတပ်ဖွဲ့ဝင်များက ပိတ်ဆို့ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ၂၁ ရက် ရက် ညနေ ၇ နာရီခန့်က မြဝတီမြို့ အမှတ် ၃ ရပ်ကွက်နေ ကိုဝင်းခိုင်၏ ယောက်ဖ အောင်ဖြိုး (ခ) ကာဇင်အား မြဝတီမြို့အမှတ် ၂ ရပ်ကွက်၊ ဆင်ရတနာလမ်းတွင် လည်းကောင်း၊ မောင်မောင် (ခ) လကမ္ဘာထွန်း အားဘုရင့်နောင် လမ်း ခရစ်ယာန်ဘုရားကျောင်း အရှေ့ဘက်လမ်းမပေါ်တွင် လည်းကောင်း အမည်းရောင်ဆိုင်ကယ် (နံပါတ်မပါ) ဖြင့် ဓါးကိုင်ဆောင်ထားသည့် အမည်မသိ အမျိုးသားတစ်ဦးမှ ဓါးဖြင့်ထိုးကာ ထွက်ပြေးသွားသဖြင့် အောင်ဖြိုး(ခ)ကာဆင်တွင် ဝမ်းဗိုက် ဝဲခြမ်း၌ တစ်လက်မခန့်ထိုးသွင်းဒဏ်ရာတစ်ချက် (စိုးရိမ်ရ)နှင့်မောင်မောင်(ခ)လကမ္ဘာထွန်းတွင် ဝမ်းဗိုက် ဝဲဘက်ခြမ်းတွင် ထိုးသွင်းဒဏ်ရာ တစ်ချက်(မစိုးရိမ်ရ)ဒဏ်ရာတို့ အသီး သီး ရရှိခဲ့သဖြင့် ရဲဆေးစာ ပေးပို့ထားပြီး မြဝတီမြို့၊ ပြည်သူ့ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူ လျက်ရှိကြောင်း သိရသည်။

ထို့ကြောင့် အကြောင်းမဲ့ ဓားဖြင့်ထိုးသွားသော ဆိုင်ကယ်စီး ဓားသမားအား ဖမ်းဆီးရမိရေး ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်မြတ်မိုး ၏ ကွပ်ကဲမှုဖြင့် မြဝတီခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး အောင်နိုင်ထွန်း ဦးစီးသော ရဲတပ်ဖွဲ့ဝင်များက ဝိုင်းဝန်းပိတ်ဆို့ရှာဖွေဖမ်းဆီးခဲ့ရာ ဒီဇင်ဘာ ၂၂ရက် ညနေ ၆နာရီ ၄၅မိနစ်အချိန်တွင် မြဝတီမြို့ အမှတ်(၃)ရပ်ကွက်ဗန္ဓုလ လမ်း၊ကြံခင်းဘုန်းတော်ကြီးကျောင်းအနီး လမ်းမပေါ်တွင် နံပါမပါ Wave အမျိုးအစား အနက်/အစိမ်းကြား ဆိုင်ကယ်အား မောင်းနှင်ကာ ဦးခေါင်းတွင် အညိုရောင် သိုးမွေးခေါင်းစွပ်အား စွပ်ထားပြီး အရိုးအသွား ၂၁ လက်မခန့် အနက်ရောင် သံဓါးအိမ်ပါ ဓါးဦးချွန်တစ်ချောင်းကို ရင်ဘက်တွင် လွယ်ထားသော အမျိုးသားတစ်ဦးကို ပိတ်ဆို့တားစီး၍ စစ်ဆေးရာ ထက်ကျော် (ခ) ဖုန်းထက်ကျော်(၂၇-နှစ်) အမှတ်( ၄ )ရပ်ကွက်၊ မြဝတီမြို့နေသူဖြစ်ကြောင်း သိရပြီး စစ်ဆေးပေါ်ပေါက်ချက်အရ ပြစ်မှုကျူးလွန်ခဲ့သူဖြစ်ကြေင်း ပေါ်ပေါက်၍ ထက်ကျော် (ခ) ဖုန်းထက်ကျော်ကို မြဝတီမြို့မရဲစခန်းက အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိသည်။

မင်းသူ(ဘားအံ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
မြဝတီမြို့တွင် လမ်းပေါ်သွားလာနေသူများကို အကြောင့်မဲ့ ဓားဖြင့်လိုက်လံထိုးသူကို ရဲတပ်ဖွဲ့ဝင်များက ပိတ်ဆို့ဖမ်းဆီးရမိ မြဝတီမြို့တွင် လမ်းပေါ်သွားလာနေသူများကို အကြောင့်မဲ့ ဓားဖြင့်လိုက်လံထိုးသူကို ရဲတပ်ဖွဲ့ဝင်များက ပိတ်ဆို့ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 09:44 Rating: 5
Powered by Blogger.