လွိုင်လင်မြို့နယ် နမ့်​ဟူးရွာတွင်​ အမည်မသိ​​​​လက်​နက်​ကိုင်​ အဖွဲ့က ပစ်​ခတ်​ပြီးရွာသား ၅ ဦး​သေ ၃ ဦးဒဏ်​ရာရရှိ


ဒီဇင်​ဘာ ၁၁။

လွိုင်​လင်​မြို့နယ်​ ​တောင်​​နောက်​​ကျေးရွာအုပ်​စု နမ်းဟူး​ (သဲုင်ငွန်)​​ရွာတွင်​ ဒီဇင်ဘာ ၁၁ ရက်​​နေ့က ​အမည်​မသိ လက်​နက်​ကိုင်​အဖွဲ့ ​သေနတ်​ပစ်​ခတ်​မှုဖြစ်​ပွားပြီး ရွာသား(၅ )ဦး​သေ( ၃ )ဦးဒဏ်​ရာအပြင်း အထန်​ရရှိ ခဲ့​ကြောင်း ​ဒေသခံများ ထံသိရသည်​။

ဖြစ်စဉ်သည် ရပ်​​ကြေးအုပ်​ချုပ်​​ရေးမှူး၊ နမ်းဟူးရွာသူကြီးနှင့်​ ရပ်​မိရပ်​ဖ တို့ ​​ကျေးရွာ​ရေရရှိ​ရေး​ဆောင်​ရွက်​ပြီးအပြန်​တွင်​ အမည်​မသိ လက်​နက်​ကိုင်​ အဖွဲ့က ဖမ်းဆီး​ခေါ်​ဆောင်​သွားရာ အခြားရွာသားများသိပြီးလိုက်​သွားသည့်​အခါ​ပစ်​ခတ်​မှုဖြစ်ပွားခဲ့​ကြောင်း သိရသည်​။

``သူတို့ ရွာသူကြီး နဲ့ရပ်​​ကျေးဥက္ကဌ၊ ရုံးစာ​ရေး ​လေးဦးကို ဖမ်းသွား တယ်​၊ ရွာသား​တွေသိ​တော့လိုက်​သွားတာ၊ ရွာသားတစ်​ဦးက လက်​မှာချည်​ထားတာ အရမ်းနာလို့ထင်​တယ်​ သူကရုန်းတာ​ပေါ့၊ ​နောက်​တစ်​​ယောက်​လည်းစိတ်​တိုတာ​ပေါ့ အဲဒါနဲ့ပစ်​လိုက်​တာဘဲ၊ အဖမ်းခံရ သူနှစ်​ဦး​သေတယ်​ အ​နောက်​ကလိုက်​လာသူက သုံးဦး​သေတယ်​´´ဟု​ဒေသခံတစ်​ဦးက​ပြောသည်​။

ရွာသားကိုဖမ်းဆီး​ခေါ်​ဆောင်​သွားပြီး ပစ်​ခတ်​သည့်​ လက်​နက်​ကိုင်​အဖွဲ့အစည်းသည်​ ဘယ်​အဖွဲ့အစည်းဖြစ်​သည်​ကို ​ဒေသခံ​များကမသိ​ကြောင်း၊ ရွာသားကိုဘာ​ကြောင့်​ ဖမ်းဆီးသွားသည်​ကိုလည်းမသိ​ရ​သေး​ကြောင်းသိရသည်​။

``သူတို့ကရှမ်းလိုဘဲစကား​ပြောကြတယ်​၊ ဘယ်​အဖွဲ့အစည်းကဆိုတာ​သေချာမသိဘူး၊ ​ပြောရခက်​တယ်​။ သူတို့ ဝတ်​စုံဘက်​ကိုလည်း မကြည့်​လိုက်​ရဘူး အခုကျွန်​​တော်​တို့​ဒေသမှာ လုံခြုံမှုမရှိ​တော့ဘူး၊ ရွာသူကြီးလည်း​​သေသွားပြီ ကျန်​ရှိသူ​တွေလည်းအရမ်းဝမ်းနည်းတယ် ´´ဟု ​ဒေသခံတစ်​ဦးက​ပြောသည်​။

သေဆုံးသူ ​များသည်​ နမ်းဟူးရွာသူကြီး ခွန်​ထွန်းဦး၊ ​ကျောင်း​ကော်​မတီ ခွန်​တခဲ၊ ရွာသား ခွန်​တဝင်း​၊ ခွန်​တမူးနှင့်​ ခွန်​တဆန်းတို့( ၅)ဦး ဖြစ် ​ကြောင်း၊ ဒဏ်​ရာရသူ ၃ဦးသည်​ တစ်​ဦးကလွိုလင်​​ဆေးရုံတွင်​​ဆေးကုသမှုခံယူပြီး ကျန်​ဒဏ်​ရာပြင်းထန်​သည်​ နှစ်​ဦးကို ​တောင်​ကြီး စဝ်​စံထွန်း ​ဆေးရုံကိုပို့​ဆောင်​​နေ​ကြောင်းသိရသည်​။

နမ်းဟူးရွာသား​များသည် ​မည်သည့်​​လက်​နက်​ကိုင်​အဖွဲ့အစည်းနှင့်​ ရန်​ငြိုးရန်​စမရှိ​သော်လည်း​​၊ ပြီးခဲ့သည့် ​မေလက မတ်​ကျန်းပြည်​သူ့စစ်​ MTA အဖွဲ့နှင့်​ ရွာသားများ ​မြေယာအငြင်းပွားမှု ဖြစ်​ပြီး ပဋိပက္ခဖြစ်ပွားခဲ့​​ကြောင်းသိရသည်​။

ခမ်းသား​ငေါဝ်း
The People's Voice - ခမ်းသားငေါဝ်း
https://www.facebook.com/KhamSarNgor
လွိုင်လင်မြို့နယ် နမ့်​ဟူးရွာတွင်​ အမည်မသိ​​​​လက်​နက်​ကိုင်​ အဖွဲ့က ပစ်​ခတ်​ပြီးရွာသား ၅ ဦး​သေ ၃ ဦးဒဏ်​ရာရရှိ လွိုင်လင်မြို့နယ် နမ့်​ဟူးရွာတွင်​ အမည်မသိ​​​​လက်​နက်​ကိုင်​ အဖွဲ့က ပစ်​ခတ်​ပြီးရွာသား ၅ ဦး​သေ ၃ ဦးဒဏ်​ရာရရှိ Reviewed by THITHTOOLWIN on 03:10 Rating: 5
Powered by Blogger.