စမွတ်စခွန်မှာ “မြန်မာရွှေ့ပြောင်းအလုပ်သမားဗဟိုဌာန” ဖွင့်လှစ်မည်

Photo: AFP - ထိုင်းနိုင်ငံ ရေလုပ်ငန်းတခု မြင်ကွင်း။
 ထိုင်း နဲ့ မြန်မာ နှစ်နိုင်ငံ သဘောတူညီချက်အရ ထိုင်းနိုင်ငံ စမွတ်စခွန်မှာ မြန်မာရွှေ့ပြောင်းအလုပ်သမား ဗဟိုဌာနတခု တည်ထောင်မယ်လို့ ထိုင်းအလုပ်သမားဝန်ကြီး အာဒူက ပြောပါတယ်။

ထိုင်းဒုတိယဝန်ကြီးချုပ် ပရာဝစ် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ကျင်းပခဲ့တဲ့ နိုင်ငံခြားအလုပ်သမားနဲ့ လူမှောင်ခိုပြဿနာ ဖြေရှင်းရေးဆိုင်ရာကော်မတီ အစည်းအဝေးအပြီးမှာ ထိုင်းအလုပ်သမားဝန်ကြီး အာဒူ က ပြောကြား ခဲ့တာပါ။

အဲဒီဌာနအနေနဲ့ မြန်မာမှတ်ပုံတင်ကို နိုင်ငံကူးလက်မှတ် အဖြစ် ပြောင်းလဲပေးနိုင်သလို၊ နှစ်နိုင်ငံနားလည်မှု စာချွန်လွှာအရ ရောက်ရှိလာသူတွေ နိုင်ငံကူးလက်မှတ်လျှောက်ထား လိုသူတွေကိုလည်း ဝန်ဆောင်မှု ပေးမှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

လိုအပ်တဲ့ အထောက်အထားတွေ တင်ပြပြီးတာနဲ့ မြန်မာသံရုံးကပဲ ဖြစ်ဖြစ်၊ မြန်မာနဲ့ နယ်စပ်ပြည်နယ်တွေက ပတ်စပို့ ဌာနတွေမှာဖြစ်ဖြစ် နိုင်ငံကူးလက်မှတ် လျှောက်ထားရယူနိုင်တယ်လို့ သိရပါတယ်။

အဲဒီ မြန်မာရွှေ့ပြောင်း အလုပ်သမားဗဟိုဌာနကို အပတ်စဉ် တနင်္လာနေ့ ကနေစနေနေ့ အထိ ဖွင့်မှာဖြစ်ပြီး စတင်ဆောင်ရွက်တဲ့နေ့ ကစလို့ တနှစ်အတွင်း ဝန်ဆောင်ခ ယူမှာ မဟုတ်ဘူးလို့ သိရပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
စမွတ်စခွန်မှာ “မြန်မာရွှေ့ပြောင်းအလုပ်သမားဗဟိုဌာန” ဖွင့်လှစ်မည် စမွတ်စခွန်မှာ “မြန်မာရွှေ့ပြောင်းအလုပ်သမားဗဟိုဌာန” ဖွင့်လှစ်မည် Reviewed by THITHTOOLWIN on 09:45 Rating: 5
Powered by Blogger.