ပန်ကွတ်ကျေးရွာအနီးတိုက်ပွဲကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်

ရှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် ပန်ကွတ်ကျေးရွာတဝိုက်မှာ RCSS နဲ့ SSPP တို့ တိုက်ပွဲဖြစ်ပွားတာကြောင့် မန်စံကျေးရွာမှာ ခိုလှုံနေကြတဲ့ စစ်ဘေးဒုက္ခသည်တွေကို ၂ဝ၁၈ ခုနှစ် နိုဝင်ဘာလ ၃ဝ ရက်နေ့က တွေ့ရစဉ်/ ဓာတ်ပုံ - မြတ်မိုးသူ
ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ် ပန်ကွတ်ကျေးရွာတဝိုက်မှာ RCSS နဲ့ SSPP တိုက်ပွဲကြောင့် အနီးပတ်ဝန်း ကျင်က ကျေးရွာသား ၂၀၀ ဝန်ကျင်းလောက်ဟာ မန်စံကျေးရွာ ဘုန်းကြီးကျောင်းမှာ သွားရောက်ခိုလှုံနေပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကဖြစ်ပွားတဲ့ တိုက်ပွဲကြောင့် ထွက်ပြေးလာသူတွေထဲမှာ ကလေးငယ်တွေနဲ့ ကိုယ်ဝန်ဆောင် သည်တွေလည်း ပါဝင်ပါတယ်။

မနေ့ကနဲ့ ဒီနေ့မနက်ပိုင်းမှာ ပန်ကွတ်ကျေးရွာအနီးပတ်ဝန်းကျင်မှာ တိုက်ပွဲဖြစ်ပွားတဲ့ အသံတွေ မကြားရတော့ တာကြောင့် ဒေသခံတွေဟာ နေရပ်ပြန်ဖို့ စီစဉ်နေတယ်လို့လည်း သိရပါတယ်။

အလားတူ ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်မြို့နယ် မိုင်းပျဉ်းကျေးရွာတဝိုက်မှာလည်း မနေ့ညနေပိုင်းကစပြီး RCSS နဲ့ SSPP တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားနေပါတယ်။

ဒီနေ့မနက်အထိ ကျေးရွာတဝိုက်မှာ ပစ်ခတ်မှုတွေကြားနေရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကံသာ ပေးပို့တာပါ။

RFA Burmese
https://www.rfa.org/burmese

ပန်ကွတ်ကျေးရွာအနီးတိုက်ပွဲကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင် ပန်ကွတ်ကျေးရွာအနီးတိုက်ပွဲကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင် Reviewed by THITHTOOLWIN on 06:55 Rating: 5
Powered by Blogger.