လမ်းကျော်တက်သည့် မော်တော်ယာဉ် ၀င်တိုက်၍ ဆိုင်ကယ် မောင်းနှင်သူသေဆုံး

ဖရူဆိုမြို့၌ လမ်းကျော်တက်သည့် မော်တော်ယာဉ်မှ အရှိန် မထိန်းနိုင်ဘဲ မော်တော်ဆိုင်ကယ်အား ၀င်တိုက်၍ ဆိုင်ကယ် မောင်းနှင်သူသေဆုံးမှုဖြစ်ပွား
ဖရူဆို နိုဝင်ဘာ ၂၈

ဖရူဆိုမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး ဇော်လင်းဦးစီး တပ်ဖွဲ့ဝင် (၇)ဦးတို့သည် နိုဝင်ဘာ ၂၆ ရက်နေ့ ညနေ ၂ နာရီက ဖရူဆိုမြို့နယ် မာခရော်ရှေ့ ကျေးရွာအုပ်စု၊ ထားလဲကျေးရွာအနီး ရှိ လွိုင်ကော် - ဘောလခဲ ကားလမ်းမ ၊မိုင်တိုင်အမှတ် (၁၄၉/၅) နှင့် (၁၄၉/၆)ကြား ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ သွားရောက်စစ်ဆေး ခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ လွိုင်ကော်မှ ဘောလခဲသို့ ယာဉ်မောင်း မောင်စိုင်းနှောင်မိုး အသက် (၂၅)နှစ် မောင်နှင်း၍ မသန္တာစိုး အသက် (၁၈)နှစ်၊ မယ်စဲ့မြို့နယ် ၊ နန်းပလ္လင်ကျေးရွာနေသူတို့ စီးနှင်းလာသည့် မော်တော်ဆိုင်ကယ် ၇ယ/---- (HONDA WAVE 110) အား နောက်မှ ယာဉ်မောင်း ဒိုးဒိုးစေး (ခ) ပေါ်တီး အသက် (၃၀)နှစ် ၊ ယူကော်ခိုကျေးရွာ ၊ မော်ချီးမြို့နယ်ခွဲနေသူ မောင်းနှင်လာသည့် ယာဉ်အမှတ် ၊ YGN – 3D/----၊ HILUX SURF ယာဉ်မှ လမ်းကျော်တက်စဉ် အရှိန်မထိန်းနိုင်ဘဲ ၀င်ရောက်တိုက်မိရာ ဆိုင်ကယ်မောင်းနှင်သူ မောင်စိုင်းနောင်မိုးတွင် အခင်းဖြစ်နေရာ၌ သေဆုံးပြီး ၊ မသန္တာစိုးမှာ ဒဏ်ရာ (မစိုးရိမ်ရ) ၊ HILUX SURFယာဉ်ပေါ်မှ လိုက်ပါလာသူ မနော်လယ်ဝါး၊ဒဏ်ရာ (မစိုးရိမ်ရ) ၊ မဆာရေးထူး အသက် (၃၆)နှစ်၊ ခေါင်းမူး (မစိုးရိမ်ရ) ဒဏ်ရာများရရှိကြောင်း စစ်ဆေးတွေ့ရှိရသည်။

ယာဉ်တိုက်မှုနှင့်ပတ်သက်၍ ဖရူဆိုမြို့မရဲစခန်းမှ အမှုဖွင့် လက်ခံစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

ကိုစိုင်း (လွိုင်ကော်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
လမ်းကျော်တက်သည့် မော်တော်ယာဉ် ၀င်တိုက်၍ ဆိုင်ကယ် မောင်းနှင်သူသေဆုံး လမ်းကျော်တက်သည့် မော်တော်ယာဉ် ၀င်တိုက်၍ ဆိုင်ကယ် မောင်းနှင်သူသေဆုံး Reviewed by THITHTOOLWIN on 06:45 Rating: 5
Powered by Blogger.