အွန်လိုင်းပေါ်မှ ချစ်ကြိုက်ခဲ့သည့် အသက်(၁၃)နှစ် အမျိုးသမီးတစ်ဦး သားမယားပြုကျင့်ခံရမှုဖြစ်ပွား


မုနိမြီ၊ နိုဝင်ဘာ ၆

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်အတွင်း အသက်(၁၃)နှစ်ခန့် အမျိုးသမီးတစ်ဦး အွန်လိုင်းပေါ်မှ ချစ်သူထံ သားမယား ပြုကျင့်ခံရမှု ဖြစ်ပွားကြောင်း လှိုင်သာယာမြို့မရဲစခန်းမှ Munimary News Agency သို့ ပြောတယ်။

"၂၀၁၈ နိုဝင်ဘာ (၁)ရက်နေ့တွင် ဗိုလ်တထောင်မြို့နယ် ဂန္ဓီဆေးရုံသို့ မဇင်ဇင်ဦး အသက်(၁၃)နှစ်အား မိခင်မှ မျက်စိဆေးထည့်ရန် မျက်စဉ်းဆေးဘူးဝယ် လွှတ်လိုက်၍ ဝယ်ယူရန် စောင့်ဆိုင်းနေစဉ် အွန်လိုင်းပေါ်တွင် ချစ်ကြိုက်ခဲ့သည့် မြတ်ကို အသက်(၁၇)နှစ်မှ ဖုန်းဆက်၍
ဗိုလ်တထောင်ဘုရားသို့ လာရန်ချိန်းဆိုသဖြင့် သွားရောက် ချိန်းတွေ့ရာတွင် မြတ်ကိုမှ လှိုင်သာယာမြို့၌ သူငယ်ချင်းများရှိကြောင်း၊ ပြောဆိုခေါ်ဆောင်သဖြင့် လိုက်သွားခဲ့၍ ၎င်းနေ့ညတွင် လှိုင်သာယာမြို့၊ (၁၅)ရပ်ကွက် မာလာလမ်းသွယ်ရှိ လိုင်းခန်းအဆောင် အတွင်း သားမယားအဖြစ်(၁)ကြိမ် ပေါင်းသင်း နေထိုင်ခဲ့ကြောင်း၊နိုဝင်ဘာ(၂)ရက်နေ့ (၂)နာရီခွဲအချိန်ခန့် တွင် လှိုင်သာယာအဝေးပြေးကားဂိတ်မှ ကျိုက်ထိုမြို့သို့ သွားသည့်ကားပေါ်သို့ မြတ်ကိုမှ တင်ပေးလိုက်ကြောင်း၊ ကျိုက်ထီးရိုးတွင် တစ်ညအိပ်ခဲ့ပြီး၊ နိုဝင်ဘာ (၃)ရက်နေ့ ကျိုက်ထီးရိုးမှ ပြန်လာခဲ့ပြီး၊ ပဲခူးမြို့အရောက်တွင် နေအိမ်သို့ ဖုန်းဆက်ပြီး လာခေါ်ရန်ပြောသဖြင့်သွားရောက် ခေါ်ဆောင်ခဲ့ပြီး နိုဝင်ဘာ (၄)ရက်နေ့တွင်လှိုင်သာယာမြို့မရဲစခန်း၌ မဇင်ဇင်ဦး၏ ဖခင်မှ အမှုဖွင့် တိုင်တန်းခဲ့ကြောင်း" စုံစမ်းသိရှိရပါသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သတ်၍ မြတ်ကို အသက်(၁၇)နှစ်၊ မာလာလမ်းသွယ် (၁၅)ရပ်ကွက်၊လှိုင်သာယာမြို့ နေသူအား လှိုင်သာယာမြို့မရဲစခန်းမှ ပ(၄၁၄၀)/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၃၆၃ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျှက်ရှိပြီး မြတ်ကိုအား အမြန်ဆုံးဖမ်းဆီးရမိရေးဆောင်ရွက်လျှက်ရှိကြောင်းသိရှိရသည်။

သာခိုင်(မုနိမြီ)/နိုင်(လှိုင်သာယာ)
Munimary News Agency
https://www.facebook.com/munimarynews/
အွန်လိုင်းပေါ်မှ ချစ်ကြိုက်ခဲ့သည့် အသက်(၁၃)နှစ် အမျိုးသမီးတစ်ဦး သားမယားပြုကျင့်ခံရမှုဖြစ်ပွား အွန်လိုင်းပေါ်မှ ချစ်ကြိုက်ခဲ့သည့် အသက်(၁၃)နှစ် အမျိုးသမီးတစ်ဦး သားမယားပြုကျင့်ခံရမှုဖြစ်ပွား Reviewed by THITHTOOLWIN on 20:07 Rating: 5
Powered by Blogger.