အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်းတွင် ရေလွှမ်းမိုးမှုများနှင့် မြေပြိုမှုများကြောင့် လူ ၅ ဦးသေဆုံး

အင်ဒိုနီးရှားနိုင်ငံတွင် မိုးသည်းထန်မှုကြောင့် ရပ်ကွက်အတွင်း ရေဖုံးလွှမ်းနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)
ဂျကာတာ၊ နိုဝင်ဘာ ၁၀ ရက် (ဆင်ဟွာ)

 အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်း ဆူမတြားပြည်နယ် အနောက်ပိုင်းတွင် ရေလွှမ်းမိုးခြင်းနှင့် မြေပြိုခြင်းများကြောင့် လူ ၅ ဦး သေဆုံးခဲ့ကြောင်း သဘာဝဘေးလုပ်ငန်း တာဝန်ရှိသူတစ်ဦးက နိုဝင်ဘာလ ၁၀ ရက်တွင် ပြောကြားလိုက်သည်။

ယခုသီတင်းပတ်အစောပိုင်းတွင် Pasaman ခရိုင်နှင့် Pasaman Barat ခရိုင်များတွင် သဘာဝဘေးအန္တရာယ် ဆိုးဝါးမှုများဟု ဆိုရလောက်အောင် မိုးသည်းထန်စွာရွာသွန်းခဲ့ကြောင်း အမျိုးသား သဘာဝဘေး စီမံခန့်ခွဲမှုလုပ်ငန်း တာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ ပြောခဲ့သည်။ရေစီးကြောင်းများနှင့် မြေပြိုမှုများကြောင့် တံတားနှစ်စင်း၊ နေအိမ်များ၊ ဘာသာရေးအဆောက်အအုံများနှင့် ထိုခရိုင်များအတွင်းရှိ အခြားအဆောက်အဦများ ပျက်စီးခဲ့ကြောင်း ၎င်းက ဆိုသည်။သဘာဝဘေးဒဏ်များကြောင့် အိမ်ထောင်စု ၁၀၀ ခန့် နေအိမ်များစွန့်ခွာကာ ကုန်းမြင့်ဒေသများနှင့် ဘေးကင်းရာနေရာများသို့ ရွှေ့ပြောင်းခဲ့ရကြောင်း သိရသည်။အင်ဒိုနီးရှားနိုင်ငံသည် မိုးသည်းထန်စွာ ရွာသွန်းစဉ် ရေလျှံမှုများနှင့် မြေပြိုမှုများ မကြာခဏဖြစ်ပွားလေ့ရှိသည်။

(Xinhua)
http://www.xinhuamyanmar.com
အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်းတွင် ရေလွှမ်းမိုးမှုများနှင့် မြေပြိုမှုများကြောင့် လူ ၅ ဦးသေဆုံး အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်းတွင် ရေလွှမ်းမိုးမှုများနှင့် မြေပြိုမှုများကြောင့် လူ ၅ ဦးသေဆုံး Reviewed by THITHTOOLWIN on 22:11 Rating: 5
Powered by Blogger.