ပိုးသတ်ဆေးနဲ့ အကိုက်အခဲပျောက်ဆေးမှားယွင်းသောက်မိသည့်အမျိုးသမီးတစ်ဦး သေဆုံး


နေပြည်တော်၊ ၁ နိုဝင်ဘာ

မကွေးတိုင်း ဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ သဖန်းကုန်းကျေးရွာတွင် ပိုးသတ်ဆေးကို အကိုက်ခဲပျောက်ဆေးဟု ထင်မှတ်ပြီးသောက်မိသဖြင့်အမျိုးသမီး တစ်ဦးသေဆုံးမှု အောက်တိုဘာလ ၃၁ ရက်က ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှသိရသည်။

အောက်တိုဘာလ ၃၁ ရက်နေ့ နေ့လယ် ၁၂း ၃၀ ခန့်က မဇင်နွယ်ထွန်း(၂၀)နှစ်သည် နေထိုင် မကောင်းသဖြင့် "ကြူဖော့မတ်'' ပဲပိုးသတ်ဆေးပြားအား အကိုက်အခဲပျောက်ဆေးဟု ထင်မှတ်ကာ မှားယွင်းသောက်မိခဲ့ရာမှ သေဆုံးသွားခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး တောင်တွင်းကြီးမြို့မ ရဲစခန်း သေမှုသေခင်းအမှတ်စဉ် (၂၇/၂၀၁၈)ဖြင့် ရေးဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

အိမို့မို့ခိုင်
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews
ပိုးသတ်ဆေးနဲ့ အကိုက်အခဲပျောက်ဆေးမှားယွင်းသောက်မိသည့်အမျိုးသမီးတစ်ဦး သေဆုံး ပိုးသတ်ဆေးနဲ့ အကိုက်အခဲပျောက်ဆေးမှားယွင်းသောက်မိသည့်အမျိုးသမီးတစ်ဦး သေဆုံး Reviewed by THITHTOOLWIN on 10:39 Rating: 5
Powered by Blogger.