ခိုလှုံခွင့်တောင်းခံသူများအရေး မက္ကဆီကို နှင့် ထရမ့်သဘောတူညီမှုရရှိ

အမေရိကန်နိုင်ငံ၌ ခိုလှုံခွင့်ရရန်ကြိုးပမ်းနေကြသော ကာရေဗီယံဒေသမှ ရွှေ့ ပြောင်းနေထိုင်သူများအားတွေ့ ရစဉ်(ဆင်ဟွာ)
ဝါရှင်တန် ၊ နိုဝင်ဘာ ၂၅ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံသမ္မတ ဒေါ်နယ်ထရမ့်က မက္ကဆီကိုနိုင်ငံမှ တဆင့်အမေရိကန်နိုင်ငံအတွင်းသို့ ဝင်ရောက်ခွင့်ရရန် ကြိုးပမ်းနေသော ခိုလှုံခွင့်တောင်းခံသူများအနေဖြင့် မက္ကဆီကိုနိုင်ငံအတွင်း စောင့်ဆိုင်းလျှက် ဥပဒေကြောင်းလုပ်ထုံးလုပ်နည်းများအတိုင်း ရှေ့ ဆက်သွားရမည်ဖြစ်ကြောင်း နိုဝင်ဘာ ၂၄ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။

“ တောင်ပိုင်းနယ်စပ်မှာရောက်နေတဲ့ ရွှေ့ ပြောင်းနေထိုင်သူတွေအနေနဲ့ သူတို့ တစ်ယောက်ချင်းစီကို တရားရုံးက အတည်ပြုချက်မပေးမချင်း အမေရိကန်နိုင်ငံထဲကိုဝင်ခွင့်ပြုမှာမဟုတ်ပါဘူး ” ဟု ဒေါ်နယ်ထရမ့်က တွစ်တာလူမှုကွန်ရက်ပေါ်တွင် နိုဝင်ဘာ ၂၄ ရက် ညနေပိုင်းတွင်ရေးသားခဲ့ပြီး“ သူတို့ အားလုံး မက္ကဆီကိုနိုင်ငံထဲမှာပဲနေရမယ်” ဟု ၄င်းကဆိုသည်။

“ ဘယ်လိုအကြောင်းပြချက်မျိုးမဆို လိုအပ်လာရင် အမေရိကန်-မက္ကဆီကို နယ်စပ်ဂိတ်ကို ပိတ်ပစ်မယ်” ဟူ၍လည်း သမ္မတဒေါ်နယ်ထရမ့်က ခြိမ်းခြောက်မှုအသစ်တစ်ခုကို ပြုလုပ်ခဲ့သည်။အမေရိကန်နိုင်ငံ၏ ခိုလှုံခွင့်မူဝါဒအပေါ် အမေရိကန်အစိုးရအား မက္ကဆီကိုအစိုးရသစ်က ထောက်ခံရန် သဘောတူကြောင်း မှတ်ချက်စကားကို ဝါရှင်တန်ပိုစ့်သတင်းစာက ရေးသားဖော်ပြခဲ့ပြီးနောက်တွင် ထရမ့်က တွစ်တာ၌ အထက်ပါအတိုင်း ရေးသားခဲ့ခြင်းဖြစ်သည်။

(Xinhua)
http://www.xinhuamyanmar.com
ခိုလှုံခွင့်တောင်းခံသူများအရေး မက္ကဆီကို နှင့် ထရမ့်သဘောတူညီမှုရရှိ ခိုလှုံခွင့်တောင်းခံသူများအရေး မက္ကဆီကို နှင့် ထရမ့်သဘောတူညီမှုရရှိ Reviewed by THITHTOOLWIN on 20:02 Rating: 5
Powered by Blogger.