မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး၏ ဆေးခန်းမှမူးယစ်ဆေးဝါးများ


၁၆ နိုဝင်ဘာ

မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဒေါက်တာမောင်မောင်၏ ဆေးခန်းမှမူးယစ်ဆေးဝါးများ ယခုလ ၁၅ ရက်ကဖမ်းဆီးရမိကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်။

နိုဝင်ဘာလ ၁၅ ရက်နေ့ ညနေ ၅ နာရီအချိန် မူးယစ်တပ်ဖွဲ့စု(၁၈)မန္တလေး(တောင်ပိုင်း)မှ တပ်ဖွဲ့ဝင်များ၊ ချမ်းအေးသာစံမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ မဟာအောင်မြေမြို့နယ်၊ ချမ်းမြသာစည်(မြောက်)ရပ်ကွက်၊ ၇၈x၇၉ လမ်းကြား၊ ၄၂x၄၁ လမ်းကြား၊ အကွက်အမှတ်(၈၄၀)၊ အိမ်အမှတ်(၅၉/၃)နေ ကျော်ကျော်မင်း(ခ)ကိုစိုး၏နေအိမ်အား ဝင်ရောက် ရှာဖွေရာ SEDUXEN တံဆိပ် ထိုးဆေးပုလင်း ၂၉ လုံးအား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ကွင်းဆက် ဖော်ထုတ်ချက်အရ ည ၇ နာရီ ၃၀ အချိန် ပူးပေါင်းအဖွဲ့သည်။

ချမ်းအေးသာစံမြို့နယ်၊ လမ်း ၈၀၊ ၂၇x၂၈ လမ်းကြားရှိ အေးချမ်းသာ အဆင့်မြင့်ရောဂါ ရှာဖွေရေးနှင့်အထူးကုဆေးခန်းကို ဝင်ရောက်ရှာဖွေရာ ဆေးခန်းအောက်ထပ်ရှိကောင်တာအံဆွဲနှင့် အပေါ်ထပ်ရှိ ဒေါက်တာမောင်မောင်၏ အခန်းအတွင်းတို့မှ SUDUXEN စာတမ်းပါ ဖြူ/နီရောင်စက္ကူဘူး ၄၉၀ ဘူးဖြင့်ထည့်လျက် SEDUXEN တံဆိပ် Diazepam 10 mg ပါ 2ml ထိုးဆေးပုလင်း ၄,၉၄၀ လုံး၊ Tramadol ဆေးတောင့် ၄၀၀ တောင့်၊ Alprazolan ဆေးပြား ၁,၂၁၅ ပြား၊ Tramadol ထိုးဆေး ၁၉၀ လုံး၊ Diazepam ဆေးပြား ၉၆၀ ပြား၊ SUDUXEN စာတမ်းပါ ဖြူ/နီ ရောင်စက္ကူဘူးခွံ ၂၀၅ ဘူးတို့ကို သိမ်းဆည်းရမိခဲ့ ကြောင်းသိရသည်။

ကျော်ကျော်မင်း (ခ)ကိုစိုးနှင့်MRCCI အတွင်းရေးမှူး ဒေါက်တာမောင်မောင်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

အိမို့မို့ခိုင်
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews
မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး၏ ဆေးခန်းမှမူးယစ်ဆေးဝါးများ မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး၏ ဆေးခန်းမှမူးယစ်ဆေးဝါးများ Reviewed by THITHTOOLWIN on 09:12 Rating: 5
Powered by Blogger.