နယ်စပ် သစ်တုံးနားခွဆုံကျေးရွာမှ နွား ၃ ကောင်အခိုးခံရ

မောင်တောမြောက်ပိုင်း တစ်နေရာ

နိရဉ္စရာ နိုင်ဝင်ဘာ ၁၇

မောင်တောမြို့နယ် မြောက်ပိုင်း သစ်တုံးနားခွဆုံကျေးရွာမှ နွား ၃ ကောင်ကို တစ်ဖက်နိုင်ငံ ဘင်္ဂလာဒေ့ရှ်သို့ ခိုးယူသွားကြောင်း သစ်တုံးနားခွဆုံ အုပ်ချုပ်ရေးမှူး ဦးထွန်းရွှေက နိရဉ္စရာသို့ပြောသည်။

ယနေ့ နံနက်အစောကြီး ညဥ့်အချိန် ၃ နာရီ ၃၀ မိနစ်ခန့်တွင် ခိုးယူသွားခြင်း ဖြစ်ပြီး ပိုင်ရှင်များမှာ မြိုတိုင်းရင်းသားများဖြစ်ကြောင်း၊ ၄ ကောင်ခိုးယူရာတွင် တစ်ကောင်မှာ ကျန်နေခဲ့ကြောင်း သူက ပြောကြားသည်။

“ဖြစ်တာကို ညဥ့် အချိန် နံနက် အစောကြီး ၃ နာရီခွဲလောက် ဖြစ်တာပါ။ ပါတဲ့ နွားသုံးကောင်လုံးက အမတွေပါ။ သိသိချင်းထွက်ပြီးလိုက်ရှာကြပါတယ်။ ညက အရမ်းမှောင်နေလေတော့ ကျွန်တော်တို့ အန္တာရာယ်ဖြစ်မှာ စိုးရိမ်လို့ လမ်းတစ်ဝက်လောက်ဘဲ လိုက်ရှာပြီး ရွာကို ပြန်လာခဲ့ပါတယ်။ ပြန်လာပြီးမနက် အစောကြီး ထပြီး ပြန်ရှာတော့ ရွာနဲ့ မနီးမဝေးမှာ သားမွေးထားတဲ့ နွားမကို ခြေနှစ်ဖက် ကြိုးတုတ်ပြီး ချည်ထားတာကို တွေ့ရပါတယ်။ ကျန်တဲ့နွားမသုံးကောင်က ပါသွားပါတယ်” ဟု သစ်တုံးနား အုပ်ချုပ်ရေးမှူးက ပြောသည်။

နွားလာခိုးသူများမှာ တစ်ဖက်နိုင်ငံမှ ဘင်္ဂလီများဟု ယူဆရကြောင်း၊ သစ်တုံးနားခွဆုံ ဦးလင်ထောင်းထံမှ နွား ၁ ကောင်နှင့်  ဦးဆောင်ပေါင်ထံမှ  ၂ကောင်၊ စုစုပေါင်း ၃သုံးကောင်ပါသွားခဲ့ကြောင်း သူက ပြောကြားသည်။

ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ်တွင် တစ်ဖက်နိုင်ငံမှ ၀င်ရောက်ပြီး မကြာခဏ နွားခိုးမှုများ ပေါ်ပေါက်နေသော်လည်း နွားခိုးသူများကို သက်ဆိုင်ရာမှ အရေးယူဖော်ထုတ်ဖမ်းဆီးနိုင်ခြင်း မရှိဘဲ ဖြစ်နေကြောင်း နွားပိုင်ရှင် ဦးလင်ထောင်းက ပြောကြားသည်။


သိန်းဇော်(မောင်တော)
Narinjara
https://www.facebook.com/pg/Narinjara-151742128171206
နယ်စပ် သစ်တုံးနားခွဆုံကျေးရွာမှ နွား ၃ ကောင်အခိုးခံရ နယ်စပ် သစ်တုံးနားခွဆုံကျေးရွာမှ နွား ၃ ကောင်အခိုးခံရ Reviewed by THITHTOOLWIN on 03:19 Rating: 5
Powered by Blogger.