စစ်ကိုင်းမြို့၊ရွာထောင်၌ ဒုတိယကမ္ဘာစစ်လက်ကျည်ဆံဟောင်း ၉၅ ထောင့်တွေ့ရှိ


စစ်ကိုင်း နိုဝင်ဘာ ၁၅

စစ်ကိုင်းမြို့ ရွာထောင်တိုက်နယ် အောင်သာယာရပ်ကွက် နယ်မြေ ၄ အတွင်းရှိ နေအိမ်တစ်အိမ်၌ နိုဝင်ဘာ ၁၃ ရက်က ကျည်ဆံဟောင်းများတွေ့ရှိခဲ့ကြောင်း ရွာထောင်ရပ်ကွက် အုပ်ချုပ်ရေးမှူးထံမှသိရသည်။

ရွာထောင်တိုက်နယ်၊အောင်သာယာရပ်ကွက် နယ် မြေ ၄ အတွင်းရှိ နေအိမ်တစ်အိမ် ခြံဝန်းခတ်ရန် လိုင်းကျင်းတူးရာမှ အဆိုပါ ကျည်ဆံဟောင်းများ ကို တွေ့ရှိခဲ့သည့် ပန်းရံ ဆရာ တစ်ဦးက ရပ်ကွက်အုပ်ချုပ်ရေးမှူးထံ အသိပေး အကြောင်းကြားခဲ့ပြီးနောက် စစ်ကိုင်းမြို့မ ရဲစခန်းမှ တာဝန်ရှိသူများ၊လာရောက်ကြည့်ရှု စစ်ဆေးကာ စစ်ကိုင်းမြို့ရှိ တပ်မ(၃၃)မှ တာဝန်ရှိသူများထံ အဆိုပါကျည်ဆံဟောင်းများကို အပ်နှံ့ခဲ့ကြောင်း ရွာထောင်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထူးမှ ပြောပြသည်။

အဆိုပါ ကျည်ဆံ အရေအတွက်မှာ စုစုပေါင်း ၉၅ေ တာင့်ရှိပြီး ဒုတိယ ကမ္ဘာစစ်က ကျန်ရှိခဲ့သည့် ကျည်ဆံများဟုယူဆရကြောင်း နှင့် ယခင် ကလည်းရွာထောင်နယ်မြေ အတွင်း၌ ကျည်ဆံဟောင်း များကိုတွေ့ရှိခဲ့ဖူးကြောင်း ၎င်းက ဆက်လက်ပြောပြသည်။

ကိုမင်း(အင်းတော်)
https://www.facebook.com/MYANMAALINNNEWS/
စစ်ကိုင်းမြို့၊ရွာထောင်၌ ဒုတိယကမ္ဘာစစ်လက်ကျည်ဆံဟောင်း ၉၅ ထောင့်တွေ့ရှိ စစ်ကိုင်းမြို့၊ရွာထောင်၌ ဒုတိယကမ္ဘာစစ်လက်ကျည်ဆံဟောင်း ၉၅ ထောင့်တွေ့ရှိ Reviewed by THITHTOOLWIN on 21:40 Rating: 5
Powered by Blogger.