အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်တွင် တောမီးလောင်ကျွမ်းမှုကြောင့် သေဆုံးသူ ၇၁ ဦး အထိ တိုးမြင့်လာပြီး လူ တစ်ထောင်ကျော် ပျောက်ဆုံးနေ

တောမီးလောင်ကျွမ်းသည့်နေရာတွင် ရှာဖွေကယ်ဆယ်ရေးများလုပ်ဆောင်နေစဉ်(ဆင်ဟွာ)
 လော့စ်အိန်ဂျယ်လိစ် ၊ နိုဝင်ဘာ ၁၇ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် မြောက်ပိုင်း Camp  တောမီးလောင်ကျွမ်းရာနေရာတွင် ကယ်ဆယ်ရေးသမားများသည် သေဆုံးသူအလောင်း ၈ ခုကို နိုဝင်ဘာ ၁၆ ရက်တွင် ထပ်မံတွေ့ရှိရ ကြောင်း ၊ တောမီးလောင်ကျွမ်းမှုကြောင့် သေဆုံးသူ ဦးရေ ၇၁ ဦး အထိ တိုးမြင့်လာပြီး လူတစ်ထောင် ကျော် ပျောက်ဆုံးနေကြောင်း ကယ်လီဖိုးနီးယားပြည်နယ်ရဲတပ်ဖွဲ့က ယင်းနေ့တွင်  ပြောကြားခဲ့သည်။

လက်ရှိမှတ်တမ်းတင်ထားချက်အရ ပျောက်ဆုံးသူ ဦးရေ (၁၀၁၁)ဦးရှိပြီဖြစ်ပြီး ယမန်နေ့ထက် ပျောက်ဆုံးသူဦးရေ ၃၈၀ ဦး တိုးလာကြောင်း Butte ခရိုင် ရဲတပ်ဖွဲ့ရုံးက နိုဝင်ဘာ ၁၆ ရက်တွင် ပြောကြားခဲ့သည်။ Camp တောမီးလောင်ကျွမ်းရာ ဧရိယာမှာ ၅၉၀ စတုရန်းကီလိုမီတာ ရှိပြီး အဆောက်အဦ ၁၂၀၀၀ ကျော် ပျက်စီးခဲ့ကြောင်း၊ လက်ရှိတွင် မီးလောင်ကျွမ်းမှု၏ ၅၀ ရာခိုင်နှုန်းကို ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ကယ်လီဖိုးနီးယား မီးသတ်ဦးစီးဌာနစာရင်းများအရ သိရသည်။ ကယ်လီဖိုးနီးယားပြည်နယ်တောင်ပိုင်းတွင်လည်း Woolseyတောမီးလောင်ကျွမ်းမှုကြောင့် နိုဝင်ဘာ ၁၆ ရက် ညနေအထိ လူ ၃ ဦးသေဆုံး ပြီး အဆောက်အဦပေါင်း ၇၁၃ ခု ပျက်စီးခဲ့ကြောင်း ၊ မီးလောင်ကျွမ်းမှု ဧရိယာမှာ ၃၉၈ စတုရန်း ကီလိုမီတာ ရှိကြောင်း ၊ မီးလောင်ကျွမ်းမှု၏ ၇၈ ရာခိုင်နှုန်းကို ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်းသိရသည်။

(Xinhua)
http://www.xinhuamyanmar.com
အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်တွင် တောမီးလောင်ကျွမ်းမှုကြောင့် သေဆုံးသူ ၇၁ ဦး အထိ တိုးမြင့်လာပြီး လူ တစ်ထောင်ကျော် ပျောက်ဆုံးနေ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်တွင် တောမီးလောင်ကျွမ်းမှုကြောင့် သေဆုံးသူ ၇၁ ဦး အထိ တိုးမြင့်လာပြီး လူ တစ်ထောင်ကျော် ပျောက်ဆုံးနေ Reviewed by THITHTOOLWIN on 21:19 Rating: 5
Powered by Blogger.