ဆိုင်ကယ်လေထိုးကျွတ်ဖာဆိုင် မီးလောင်ကျွမ်း၍ ကျောင်းသားတစ်ဦးသေဆုံး


ဝမ်းတွင်း ၁၇ နိုဝင်ဘာ

ရန်ကုန်-မန္တလေးကားလမ်း ဒိုင်ကောင်းကုန်းကျေးရွာအနီး ဆိုင်ကယ်လေထိုးကျွတ်ဖာဆိုင် မီးလောင်ကျွမ်း၍ ကျောင်းသားတစ်ဦး သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ ၁၇ ရက် နံနက် ၇ နာရီခန့်တွင် ဒိုင်ကောင်းကုန်းကျေးရွာအနီး မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ တာဝန်မှူးဒုရဲအုပ်ဆန်းလွင်နှင့် အဖွဲ့သည် သက်သေများနှင့် သွားရောက်စစ်ဆေးရာ ရန်ကုန်-မန္တလေးကားလမ်း မိုင်တိုင်အမှတ် ၃၆၅/ဝ နှင့် ၃၆၅/၁ အကြား ဒိုင်ကောင်းကုန်းကျေးရွာအနီးရှိ ကိုကျော်စွာဝင်းပိုင် ဆိုင်ကယ်လေထိုးကျွတ်ဖာဆိုင် ထရံကာ ထန်းရွက်မိုး သုံးပင်နှစ်ခန်း မြေစိုက်အဆောက်အဦး မီးလာင်နေသည်ကို တွေ့ရှိရသဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာအရံ မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ မီးငြှိမ်းသတ်ခဲ့ရာ ၇ နာရီ ၄၀ မိနစ်ခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း၊ အခင်းဖြစ်ဆိုင်အတွင်း ဝင်ရောက်စစ်ဆေးရာ ဝမ်းတွင်းမြို့နယ် ဒိုင်ကောင်းကုန်းအုပ်စု ညောင်ပင်လှကျေးရွာ ဒိုင်ကောင်းကုန်း (အ.ထ.က)ကျောင်းနေ နှစ်တန်းကျောင်းသား မောင်အောင်ကိုထိုက် (၇)နှစ်မှာ ခန္တာကိုယ်တွင် မီးလောင်ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိရကြောင်း၊ မီးလောင်ကျွမ်းမှုကြောင့် အဆောက်အဦး တန်ဖိုးငွေ ၃၅၀ဝဝ ကျပ်ဖိုး ဆုံးရှုံးမှုဖြစ်ပေါ်ခဲ့ကြောင်း မှုခင်းမှတ်တမ်းအရ သိရသည်။

ဆိုင်အတွင်း ကလေးငယ်တစ်ဦးထဲသာ ထားရှိခဲ့ရာမှ မီးလောင်ကျွမ်းမှုဖြစ်ပွားစေခဲ့သူ ကျော်စွာဝင်း (၂၉)အား ရွှေတောင်နယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း စုံစမ်းသိရသည်။

ဘိုဘို(မလှိုင်)
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews
ဆိုင်ကယ်လေထိုးကျွတ်ဖာဆိုင် မီးလောင်ကျွမ်း၍ ကျောင်းသားတစ်ဦးသေဆုံး ဆိုင်ကယ်လေထိုးကျွတ်ဖာဆိုင် မီးလောင်ကျွမ်း၍ ကျောင်းသားတစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 22:04 Rating: 5
Powered by Blogger.