အမေရိကန် မစ္စစ္စပီပြည်နယ် တွင် ကမ္ဘာလှည့်ခရီးသည်တင်ဘတ်စ်ကားတိမ်းမှောက်၍ လူ ၂ဦးသေ၊ ၄၄ဦး ဒဏ်ရာရရှိ

အမေရိကန်နိုင်ငံ မစ္စစ္စပီပြည်နယ်တွင် တိမ်းမှောက်ခဲ့သည့် ခရီးသည်တင်ဘတ်စ်ကားအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)
 ဝါရှင်တန်၊ နိုဝင်ဘာ ၁၅ ရက် (ဆင်ဟွာ)

 အမေရိကန်နိုင်ငံ တောင်ပိုင်း မစ္စစ္စပီပြည်နယ် အဝေးပြေးလမ်းမပေါ်တွင် နိုဝင်ဘာ ၁၄ ရက် ကမ္ဘာလှည့်ခရီးသည်တင်ဘတ်စ်ကား တစ်စီး တိမ်းမှောက်ခဲ့ရာ လူ ၂ဦးသေဆုံးပြီး အခြားလူ ၄၄ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်တွင်သတင်းများ၏ ဖော်ပြချက်အရ သိရသည်။

အဆိုပါ ဘတ်စ်ကားသည် Memphis မြို့ တောင်ဘက် မိုင်၄၀အကွာခန့် DeSoto စီရင်စု တွင် ရေခဲတုံးအပိုင်းအစ တစ်ခုကို တိုက်မိခဲ့ကြောင်း DeSoto စီရင်စု ရဲဌာနကပြောကြားခဲ့သည်။

သေဆုံးသူတစ်ဦးမှာ အသက် ၇၀နှစ်အရွယ် အဘွားအိုတစ်ဦးဖြစ်ကြောင်း WMCActionNews.com သတင်း၌ဖော်ပြခဲ့သည်။

အသက်ရှင်ကျန်ရစ်သူ ၄၄ဦးစလုံးတွင် ဒဏ်ရာအမျိုးမျိုးရရှိခဲ့ပြီး ဆေးရုံသို့ ပို့ဆောင်ပေးထာကာ အနည်းဆုံး လူ ၃ဦး အခြေအနေပြင်းထန်ကြောင်း သိရသည်။

DeSoto စီရင်စု ရဲဌာန က နိုင်ငံ၏ အလယ်ဗဟိုတောင်ပိုင်း ဒေသများတွင် ကျရောက်နေသော မိုးနှင်းပွင့်များကြောင့် အဝေးပြေးလမ်းများသည် လမ်းများချော်နေပြီး အန္တရာယ်ရှိကြောင်း ပြောကြားခဲ့သည်။

မစ္စစ္စပီ အမြန်လမ်း ရဲတပ်ဖွဲ့က ယင်းကိစ္စကို စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
အမေရိကန် မစ္စစ္စပီပြည်နယ် တွင် ကမ္ဘာလှည့်ခရီးသည်တင်ဘတ်စ်ကားတိမ်းမှောက်၍ လူ ၂ဦးသေ၊ ၄၄ဦး ဒဏ်ရာရရှိ အမေရိကန် မစ္စစ္စပီပြည်နယ် တွင် ကမ္ဘာလှည့်ခရီးသည်တင်ဘတ်စ်ကားတိမ်းမှောက်၍ လူ ၂ဦးသေ၊ ၄၄ဦး ဒဏ်ရာရရှိ Reviewed by THITHTOOLWIN on 22:08 Rating: 5
Powered by Blogger.