ကျောက်တန်းမှာ ဖမ်းမိသူတွေကို မီဒီယာတွေ သတင်းရယူခွင့် ပိတ်ပင်ထား

စစ်တွေမြို့နယ် သက်ကယ်ပြင်ကျေးရွာ နာဇီဒုက္ခသည်စခန်းကနေ မလေးရှားကို ထွက်ပြေးဖို့ ကြိုးစားခဲ့တဲ့ မွတ်စလင်ဒုက္ခသည်တွေကို ၂ဝ၁၈၊ နိုဝင်ဘာ ၁၆ ရက်နေ့က ကျောက်တန်းမြို့နယ် သံတဲကျေးရွာအနီးမှာ ဖမ်းဆီးရမိစဉ်
ရန်ကုန်တိုင်း ကျောက်တန်းမြို့နယ်မှာ ဖမ်းမိခဲ့တဲ့ ရခိုင်ပြည်နယ်ကနေ လှေနဲ့ ထွက်ပြေးလာတဲ့ မွတ်စလင် ဒုက္ခသည်တွေရဲ့ အချက်အလက်တွေကို စစ်ဆေးနေပြီး အစိုးရက သတင်းထုတ်ပြန်တာမရှိသလို သတင်းမီဒီယာတွေ သတင်းရယူခွင့်ကိုလည်း ကန့်သတ်ထားပါတယ်။

အဲ့ဒီဒုက္ခသည်တွေကို သူတို့ရဲ့ မူလနေရပ်တွေကို ပြန်ပို့မယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပေမယ့် အတည်ပြုလို့ မရသေးပါဘူး။

ဖမ်းဆီးရမိခဲ့တဲ့ ၁၀၆ ဦးလုံးဟာ ရခိုင်ပြည်နယ် စစ်တွေမြို့ ဒုက္ခသည်စခန်းတွေမှာ နေထိုင်သူတွေဖြစ်ပြီး အဲ့ဒီထဲမှာ အမျိုးသား ၅၀ ဦး၊ အမျိုးသမီး ၃၁ ဦးနဲ့ ကလေး ၂၅ ဦး ဖြစ်ပါတယ်။

သူတို့တွေကို ကျောက်တန်းမြို့နယ် အနောက်ပိုင်းရပ်ကွက်မှာရှိတဲ့ ရွှေမှော်ဝန်းခမ်းမှာ ထိန်းသိမ်းထားပါတယ်။ သူတို့တွေဟာ မလေးရှားနိုင်ငံကိုသွားဖို့ စက်လှေနဲ့ ထွက်ခွာလာတာလို့ သိရပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုအောင်သိင်္ခ ပေးပို့ထားတာဖြစ်ပါတယ်။

RFA Burmese
https://www.rfa.org
ကျောက်တန်းမှာ ဖမ်းမိသူတွေကို မီဒီယာတွေ သတင်းရယူခွင့် ပိတ်ပင်ထား ကျောက်တန်းမှာ ဖမ်းမိသူတွေကို မီဒီယာတွေ သတင်းရယူခွင့် ပိတ်ပင်ထား Reviewed by THITHTOOLWIN on 21:44 Rating: 5
Powered by Blogger.