မြိတ်တွင် ဓါးရှည်တစ်ချောင်းဖြင့်ရမ်းကာားသူအား ရဲတပ်ဖွဲ့မှဖမ်းဆီး


5.11.2018

မြိတ်မြို့၊ကန်ကြီးရပ်ကွက် ၊မြင့်မိုရ်ဆေးခန်းလမ်းတွင် နိုင်ဝင်ဘာ ၄ ရက်နေ့က လူတစ်ဦး ဓါးရှည်တစ်ချောင်းကိုင်ဆောင်ပြီးရမ်းကားနေတာကြောင့် ရဲတပ်ဖွဲ့မှ ဖမ်းဆီးလိုက်ကြောင်းသိရပါတယ်။

မြို့မရဲတပ်ဖွဲ့ဝင်များ နယ်မြေလှည့်ကင်းဆောင်ရွက်နေစဉ် စိုးအေး(ခ)သားဘို(၂၃)နှစ်၊ဆိုသူသည် သေမူးယစ်သောက်စားပြီး ဓါးရှည် တစ်ချောင်းဖြင့် ရပ်ကွက်တွင်းရမ်းကားနေကြောင်းသတင်းအရ သွားရောက်ဖမ်းဆီးခဲ့ကြောင်းသိရပါတယ်။

မူးယစ်ရမ်းကားသူ စိုးအေး(ခ)သားဘို(၂၃)နှစ်၊အား မြိတ်မြို့မရဲစခန်းမှ လက်နက်ဥပဒေပုဒ်မ ၁၉(င)ဖြင့် အရေးယူထားကြောင်းသိရပါတယ်။

မြတ်ထွဋ် (မြိတ်)
https://www.facebook.com/pg/Myat-Htut-Myeik-222869948053294
မြိတ်တွင် ဓါးရှည်တစ်ချောင်းဖြင့်ရမ်းကာားသူအား ရဲတပ်ဖွဲ့မှဖမ်းဆီး မြိတ်တွင် ဓါးရှည်တစ်ချောင်းဖြင့်ရမ်းကာားသူအား ရဲတပ်ဖွဲ့မှဖမ်းဆီး Reviewed by THITHTOOLWIN on 10:08 Rating: 5
Powered by Blogger.