မြောက်ကယ်လီဖိုးနီးယားတောမီးလောင်ကျွမ်းမှုတွင် သေဆုံးသူ ၇၆ ဦးထိ ရှိလာ

ကယ်လီဖိုးနီးယား၌ တောမီးလောင်ကျွမ်းနေမှုကို ငြှိမ်းသတ်နေစဉ်(ဆင်ဟွာ)
 လော့စ်အိန်းဂျလိစ် ၊ နိုဝင်ဘာ ၁၈ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်သည် နိုဝင်ဘာ ၁၇ ရက်က တောမီးအကြီးအကျယ်လောင်ကျွမ်းနေသည့် အမေရိကန်နိုင်ငံမြောက်ကယ်လီဖိုးနီးယားပြည်နယ်သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း ၊  ၄င်းတောမီးကြောင့် သေဆုံးသူ ၇၆ ဦးထိ မြင့်တက်လာကာ အခြားလူပေါင်း ၁၂ဝဝ ကျော်၏ အခြေအနေကိုလည်း  မသိရှိရသေးကြောင်း တာဝန်ရှိသူများက ဆိုသည်။

နိုဝင်ဘာ ၁၇ ရက်က သေဆုံးသူ ရုပ်အလောင်း ၅ လောင်းကို ထပ်မံရှာဖွေတွေ့ ရှိခဲ့ကြောင်း ၊ ၄လောင်းမှာ Paradise နှင့် ၁ လောင်းမှာ Concow တွင်ဖြစ်ကြောင်း ၊ သို့ ပါ၍ သေဆုံးသူအရေအတွက်မှာ နိုဝင်ဘာ ၁၇ ရက် ညနေပိုင်းတွင် ၇၁ ဦး မှ ၇၆ ဦးထိ ရောက်ရှိသွားပြီဖြစ်ကြောင်း Butte County Sheriff ၏ ထုတ်ပြန်ချက်အရ သိရသည်။

ကယ်လီဖိုးနီးယား၌ တောမီးလောင်ကျွမ်းနေမှုကို ငြှိမ်းသတ်နေစဉ်(ဆင်ဟွာ)

ကယ်လီဖိုးနီးယား၌ တောမီးလောင်ကျွမ်းနေမှုကို ငြှိမ်းသတ်နေစဉ်(ဆင်ဟွာ)
ထို့ ပြင် ပျောက်ဆုံးနေသူများ အမည်စာရင်းတွင် နိုဝင်ဘာ ၁၆ ရက် က ၁,၀၁၁ ဦးရှိခဲ့ရာမှာ နိုဝင်ဘာ ၁၇ ရက် ညနေပိုင်းတွင် ၁,၂၇၆ ဦးထိ ရောက်ရှိသွားပြီဖြစ်ကြောင်း ၄င်းက ဖြည့်စွက်ဖော်ပြထားသည်။ တောမီးသည် မြေအကျယ်အဝန်း ၁၄၉,ဝဝဝ ဧက ( ၆ဝ၃ စတုရန်းကီလိုမီတာ) ကိုလောင်ကျွမ်းသွားကြောင်း နှင့် အဆောက်အအုံပေါင်း ၁၃,ဝဝဝ ကျော်မှာ မီးလောင်ကျွမ်းပျက်စီးသွားကြောင်း သိရသည်။

 သမ္မတဒေါ်နယ်ထရမ့်သည် နိုဝင်ဘာ ၁၇ ရက်တွင် အချင်းဖြစ်နေရာသို့ ရောက်ရှိလာခဲ့ကြောင်း ၊ ၄င်းသည် မြောက်ကယ်လီဖိုးနီးယား Paradise မြို့ ကို သွားရောက်ခဲ့ပြီး ယင်းမှတဆင့် တောင်ကယ်လီဖိုးနီးယားသို့ သွားရောက်ခဲ့ကြောင်း သိရသည်။Paradise မြို့ ၌ သတင်းသမားများနှင့်တွေ့ ဆုံစဉ် ထရမ့်က “ ဒါဟာတကယ့်ကို ဆိုးရွားလွန်းတဲ့ ဖြစ်စဉ်တစ်ခုပါပဲ” ဟုပြောကြားခဲ့ပြီး ပြည်နယ် နှင့် ဒေသခံများကို ထောက်ပံ့ကူညီသွားရန် ကတိပြုပြောကြားခဲ့ကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
မြောက်ကယ်လီဖိုးနီးယားတောမီးလောင်ကျွမ်းမှုတွင် သေဆုံးသူ ၇၆ ဦးထိ ရှိလာ မြောက်ကယ်လီဖိုးနီးယားတောမီးလောင်ကျွမ်းမှုတွင် သေဆုံးသူ ၇၆ ဦးထိ ရှိလာ Reviewed by THITHTOOLWIN on 00:22 Rating: 5
Powered by Blogger.