ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ တိုင်းရင်းသားတွေအပေါ် သံသယရှိနေတာ တွေ့ရတယ်လို့ SNLD ထုတ်ပြန်

ရှမ်းပြည်နယ် တောင်ကြီးမြို့ ရှမ်းစာပေ ယဉ်ကျေးမှုအသင်းခန်းမမှာ ကျင်းပတဲ့ SNLD ကျားခေါင်းပါတီ နှစ် ၃၀ ပြည့်တဲ့ အခမ်းအနားကို ၂ဝ၁၈ ခုနှစ် အောက်တိုဘာလ ၂၅ ရက်နေ့က တွေ့ရစဉ်
အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ တိုင်းရင်းသားတွေအပေါ် အမြင်စောင်း မှုတွေနဲ့ သံသယစိတ်တွေ ဖြစ်ပေါ်နေတာကို တွေ့မြင်နေရတယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD က ဒီနေ့ ကျင်းပတဲ့ နှစ် ၃၀ ပြည့် အခမ်းအနားမှာ ကြေညာချက်ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။

ကျားခေါင်း ပါတီအနေနဲ့ ရှမ်းပြည်နယ်နဲ့ မြန်မာနိုင်ငံအပေါ်မှာ သစ္စာစောင့်သိလျှက်ရှိပြီး ပြည်ထောင်စုဖြစ်တည်မှုကို ထိခိုက်စေတာတွေ လုပ်ဆောင်မှာ မဟုတ်ဘူးလို့လည်း ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ဒါ့အပြင် သဘောဆန္ဒကွဲပြားနေရုံမျှနဲ့ တစ်ဖွဲ့နဲ့တစ်ဖွဲ့ သံသယနဲ့ မကြည့်ဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

ပါတီအနေနဲ့ မညီမျှတာ၊ ခွဲခြားဆက်ဆံတာ၊ ဖိနှိပ်အနိုင်ကျင့်တာ၊ တရားမဲ့ပြုကျင့်တာတွေကို ဆက်လက်ဆန့်ကျင် သွားမှာဖြစ်ကြောင်းနဲ့ တရားမျှတတဲ့ အနေအထားတစ်ရပ် ဖြစ်ပေါ်လာဖို့ ကြိုးစားသွားမယ်လို့ ပြောပါတယ်။

ပါတီ နှစ်၃၀ ပြည့် အခမ်းအနားကို အစိုးရဘက်က ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်နဲ့ ရှမ်းပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်တို့အပြင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ နိုင်ငံရေးပါတီတွေလည်း တက်ရောက်ခဲ့ပါတယ်။

RFA Burmese
https://www.rfa.org
ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ တိုင်းရင်းသားတွေအပေါ် သံသယရှိနေတာ တွေ့ရတယ်လို့ SNLD ထုတ်ပြန် ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ တိုင်းရင်းသားတွေအပေါ် သံသယရှိနေတာ တွေ့ရတယ်လို့ SNLD ထုတ်ပြန် Reviewed by THITHTOOLWIN on 20:54 Rating: 5
Powered by Blogger.