တောင်သူတွေရဲ့ လိုအပ်ချက်တွေ ကူညီဖို့ မြို့နယ်အဆင့် တောင်သူလယ်သမားအဖွဲ့တွေ NLD ဖွဲ့စည်းမည်

Photo: Khaymani Win/ RFA
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက မန္တလေးတိုင်းဒေသကြီး တောင်သူလယ်သမားရေးရာ လုပ်ငန်းအဖွဲ့ဟာ ခရိုင်အဆင့် လုပ်ငန်းအဖွဲ့တွေနဲ့ တွေ့ဆုံပြီး တောင်သူတွေရဲ့ လိုအပ်ချက်တွေကို ကူညီနိုင်ဖို့ မြို့နယ်အဆင့် တောင်သူလယ်သမား လုပ်ငန်းအဖွဲ့တွေ ဖွဲ့စည်းရေး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

တောင်သူလယ်သမားတွေရဲ့ အရေးကိစ္စတွေကို အင်တိုက်အားတိုက်နဲ့ ဆောင်ရွက်နိုင်ဖို့အတွက် ဖွဲ့စည်းနေတာ ဖြစ်တယ်လို့ မန္တလေးတိုင်းဒေသကြီး တောင်သူလယ်သမားရေးရာ အဖွဲ့ ဥက္ကဋ္ဌ ဒေါ်ရွက်နုအောင်က ဒီနေ့ တွေ့ဆုံပွဲမှာ ပြောပါတယ်။

Photo: Khaymani Win/ RFA

အစိုးရ ဖော်ဆောင်နေတဲ့ လမ်းကြောင်းမှာ တောင်သူတွေအတွက် ဘာတွေလိုအပ်ချက်တွေရှိနေလဲ၊ တောင်သူတွေ တကယ်ပဲ စိတ်ချမ်းသာ၊ ကိုယ်ချမ်းသာရှိကြသလားဆိုတာ လုပ်ငန်းအဖွဲ့တွေ တကယ် ကွင်းဆင်း အလုပ်လုပ်မှသာ သိမှာဖြစ်တယ်လို့ ပြောပါတယ်။

တောင်သူလယ်သမားတွေအတွက် သိမ်းဆည်းခံ လယ်ယာမြေတွေ ပြန်လည်ရရှိရေးသာမကပဲ ခေတ်မှီစိုက်ပျိုးရေးတွေ ပြုလုပ်နိုင်ဖို့လည်း ဆောင်ရွက်သွားမှာဖြစ်တယ်လို့ NLD ပါတီ တောင်သူလယ်သမားရေးရာအဖွဲ့ရဲ့ ဖွဲ့စည်းပုံ၊ မူဝါဒနဲ့ လုပ်ငန်းစဉ်မှာ ဖော်ပြထားပါတယ်။
အခုလို မြို့နယ်အဖွဲ့တွေကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဖွဲ့စည်းသွားမှာဖြစ်ပြီး မြို့နယ် တောင်သူလယ်သမားရေးရာအဖွဲ့နဲ့ ရပ်ကွက်ကျေးရွာ အဖွဲ့တွေကို ဒီနှစ်အတွင်း အပြီးဆောင်ရွက်မှာ ဖြစ်တယ်လို့ သိရပါတယ်။

RFA Burmese
https://www.facebook.com/pg/rfaburmese
တောင်သူတွေရဲ့ လိုအပ်ချက်တွေ ကူညီဖို့ မြို့နယ်အဆင့် တောင်သူလယ်သမားအဖွဲ့တွေ NLD ဖွဲ့စည်းမည် တောင်သူတွေရဲ့ လိုအပ်ချက်တွေ ကူညီဖို့ မြို့နယ်အဆင့် တောင်သူလယ်သမားအဖွဲ့တွေ NLD ဖွဲ့စည်းမည် Reviewed by THITHTOOLWIN on 17:10 Rating: 5
Powered by Blogger.