ကော့ကရိတ်မြို့၌ စိတ်ကြွဆေးပြား ၄၃ ပြား၊ MA 3 သေနတ် ၁ လက်၊ ၅.၅၆ ကျည် ၁၅ တောင်နှင့် ကျည်ဘောက် ၁ ခုဖမ်းဆီးရမိ


နေပြည်တော်၊ အောက်တိုဘာလ ၁၃ ရက်

၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက် နေ့လည် ၂ နာရီ ၄၅ မိနစ်တွင် ကော့ကရိတ်မြို့မ ရဲစခန်းမှူး ဒုရဲမှူး ထူးအောင်ရွှေ ဦးစီး ပူးပေါင်းအဖွဲ့သည် သတင်းအရ ကော့ကရိတ်မြို့နယ်၊ တံတားကျိုးကျေးရွာနေ ဒေါ်နန်းမိုး(၄၃)နှစ်၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ဒေါ်နန်းမိုးအား မတွေ့ရှိဘဲ သမက်ဖြစ်သူ ဘိုဘိုငြိမ်း(၂၃)နှစ်၊ ဗမာ/ဗုဒ္ဓ၊ ကျပန်း၊ (ဖ)ဦးထွေးနိုင်အား ၎င်းအိပ်ခန်း အတွင်းမှ အနက်ရောင်ကြွပ်ကြွပ်အိတ်ဖြင့်ထုတ်ထားသည့် WY စာတမ်းပါ ပန်းရောင်စိတ်ကြွဆေးပြား၄၃ ပြားနှင့် MA 3 သေနတ် ၁ လက်၊ ၅.၅၆ ကျည် ၁၅ တောင့်၊ ကျည်ဘောက် ၁ ခုတို့အား သိမ်းဆည်းရမိခဲ့သည်။

 သေနတ်အား လွန်ခဲ့သော ၃ နှစ်ခန့်က ကော့ကရိတ်မြို့၊ တံတားကျိုးကျေးရွာနေ အမည်မသိကရင်အမျိုးသားတစ်ဦးထံမှ ငွေကျပ် ၂၅ သိန်းဖြင့် ဝယ်ယူခဲ့ကြောင်းသိရှိရသဖြင့် ဘိုဘိုငြိမ်း(ဖမ်းမိ) နှင့်ဒေါ်နန်းမိုး(ဖမ်းမမိ)တို့ ၂ ဦးအား ကော့ကရိတ်မြို့မရဲစခန်း မူးယစ်(ပ)၃၀/၂၀၁၈၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၉(က)/၂၁ဖြင့်လည်းကောင်း၊ ဘိုဘိုငြိမ်းအား ကော့ကရိတ်မြို့မရဲစခန်း (ပ)၃၉၂/၂၀၁၈၊ လက်နက်ဥပဒေပုဒ်မ ၁၉(စ)ဖြင့် လည်းကောင်း အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

ရဲဇာနည်
https://www.facebook.com/pg/yezarnimedia
ကော့ကရိတ်မြို့၌ စိတ်ကြွဆေးပြား ၄၃ ပြား၊ MA 3 သေနတ် ၁ လက်၊ ၅.၅၆ ကျည် ၁၅ တောင်နှင့် ကျည်ဘောက် ၁ ခုဖမ်းဆီးရမိ ကော့ကရိတ်မြို့၌ စိတ်ကြွဆေးပြား ၄၃ ပြား၊ MA 3 သေနတ် ၁ လက်၊ ၅.၅၆ ကျည် ၁၅ တောင်နှင့် ကျည်ဘောက် ၁ ခုဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 21:05 Rating: 5
Powered by Blogger.