သန်လျင်၌ CNG Gas ပိုက်လိုင်းမှ Gas များယိုစိမ့်ရာမှ မီးတောက်များထွက်ပေါ်


ရန်ကုန် အောက်တိုဘာ ၁၉

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့၊ မြို့ဟောင်းအရှေ့ရပ်ကွက်၊ အမှတ် (၁၀) သစ်စက်လမ်းနံဘေးရှိ အမှတ် (၀၁၈) သဘာဝဓာတ်ငွေ့ဖြန့်ဖြူးရေး အရောင်းဆိုင်မှ အမှတ် (၀၃၁) သဘာဝဓာတ်ငွေ့ဖြန့်ဖြူးရေးဆိုင်သို့ သွယ်တန်းထားသည့် (၆) လက်မခန့်ရှိ CNG Gas ပိုက်လိုင်းဆွေးမြည့်မှုကြောင့် အောက်တိုဘာ ၁၈ ရက် ည ၁၁ နာရီ မိနစ် ၂၀ က ဂတ်များယိုစိမ့်၍ မီးတောက်များထွက်ပေါ် ထွက်ပေါ်လာခဲ့ကြောင်းသိရသည်။


မီးတောက်များထွက်ပေါ်ရာသို့ သန်လျင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆအာင်ကိုထွန်း နှင့် တာဝန်ရှိသူများ၊ သန်လျင်မြို့နယ်ရဲတပ်ဖွဲ့ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ထွန်းထွန်းဦး နှင့် ရဲတပ်ဖွဲဝင်များ၊ ရန်ကုန်တောင်ပိုင်းခရိုင်မီးသတ်ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးရဲမင်းထွဋ် နှင့် မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ရေယာဉ် (၄) စီး၊ အုပ်ချုပ်မှုယာဉ် (၁) စီး နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရပ်ကွက်နေပြည်သူများက ဝိုင်းဝန်းငြိမ်းသတ်ကြပြီး CNG Gas ပိုက်လိုင်းနှင့် ဆက်သွယ်ထားသော အမှတ် (၀၁၈) သဘာဝ ဓာတ်ငွေ့ဖြန့်ဖြူးရေးအရောင်းဆိုင်သို့ သန်လျင်မြို့နယ်ရဲတပ်ဖွဲ့ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ထွန်းထွန်းဦး က အကြောင်းကြားရာမှ အမှတ် (၀၃၁) CNG Gas ဆိုင်သို့ သွယ်တန်းထားသည့် ဂတ်ပိုက်လိုင်း အဖွင့်၊ အပိတ် အား ပိတ်လိုက်ရာ ည ၁၁ နာရီ မိနစ် ၄၀ တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။


အဆိုပါ CNG Gas ပိုက်လိုင်းဆွေးမြည့်မှုကြောင့် ဂတ်စ်များယိုစိမ့်မှုတွင် လမ်းသွား လမ်းလာ ပြည်သူတစ်ဦးကဆေးလိပ်တို ပစ်ချမှုကြောင့် မီးလောင်မှုဖြစ်ခဲ့ကြောင်း၊ မီးလောင်မှုကြောင့် လူ၊ တိရစ္ဆာန်၊ ပျက်စီးဆုံးရှုံးမှုမရှိကြောင်း သန်လျင်မြို့မရဲစခန်းမှ သိရသည်။

သက်ခိုင် (သန်လျင်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
သန်လျင်၌ CNG Gas ပိုက်လိုင်းမှ Gas များယိုစိမ့်ရာမှ မီးတောက်များထွက်ပေါ် သန်လျင်၌ CNG Gas ပိုက်လိုင်းမှ Gas များယိုစိမ့်ရာမှ မီးတောက်များထွက်ပေါ် Reviewed by THITHTOOLWIN on 10:49 Rating: 5
Powered by Blogger.