မြန်မာသူနာပြု အမျိုးသမီးကြီးကို နေအိမ်မှာသတ်ခဲ့သူ ၂ ဦးကို နယူးယောက် ရဲ ဖမ်းဆီး

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ အသတ်ခံရတဲ့ မြန်မာအမျိုးသမီးသူနာပြု ဒေါ်ကြည်မာသိန်း ကို တွေ့ရစဉ်
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ အသတ်ခံရတဲ့ မြန်မာအမျိုးသမီးသူနာပြု ဒေါ်ကြည်မာသိန်းရဲ့ အမှုနဲ့ပတ်သက်လို့ သံသယရှိသူ ၂ ဦးကို နယူးယောက်ရဲတပ်ဖွဲ့က ကြာသပတေးနေ့က ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

အသက် ၂၃ နှစ်အရွယ် အင်နီတာကန်ဆီနိုနဲ့ ရည်းစားဖြစ်သူ အသက် ၂၁ နှစ်အရွယ် အလက်ဇန်ဒါ အယ်ဘာဒါ တို့ကို ရဲတပ်ဖွဲ့က လူသတ်မှုနဲ့ ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အင်နီတာဟာ သေဆုံးသူ ဒေါ်ကြည်မာသိန်း ရဲ့ နေအိမ်မှာ အခန်းဖော်အဖြစ်နေထိုင်ခဲ့ပြီး အခုအခါမှာ တစ်မိုင်ခန့်အကွာက နေအိမ်တစ်အိမ်မှာ နေထိုင်နေသူလို့ သိရပါတယ်။

အသက် ၅၈ နှစ်အရွယ် ဒေါ်ကြည်မာသိန်းဟာ နယူးယောက်ပြည်နယ် တက္ကသိုလ် ကျန်းမာရေးဗဟိုဌာနမှာ သူနာပြုအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး ပြီးခဲ့တဲ့ ဇူလိုင်လ ၂၁ ရက်နေ့ မနက်က နေအိမ်မှာ အသတ်ခံ ရတာကို ရဲတပ်ဖွဲ့က တွေ့ရှိခဲ့တာဖြစ်ပါတယ်။

RFA Burmese
https://www.rfa.org
မြန်မာသူနာပြု အမျိုးသမီးကြီးကို နေအိမ်မှာသတ်ခဲ့သူ ၂ ဦးကို နယူးယောက် ရဲ ဖမ်းဆီး မြန်မာသူနာပြု အမျိုးသမီးကြီးကို နေအိမ်မှာသတ်ခဲ့သူ ၂ ဦးကို နယူးယောက် ရဲ ဖမ်းဆီး Reviewed by THITHTOOLWIN on 19:11 Rating: 5
Powered by Blogger.