တောရိုင်းတိရစ္ဆာန် အစိတ်အပိုင်း ရောင်းဝယ်မှု တရုတ်အစိုးရ လျော့ပေါ့ပေး

Photo: Simona JIRICKOVA / Dvur Kralove Zoo / AFP

တရုတ်ပြည်မှာ သဘာဝတောတိရစ္ဆာန်တွေရဲ့ ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေ ကူးသန်းရောင်းဝယ်မှု တားဆီးပိတ်ပင်ထားတာကို လျှော့ပေါ့ပေးလိုက်တာနဲ့ ပတ်သက်ပြီး တရုတ်အစိုးရက ကာကွယ်ပြောဆိုခဲ့ပါတယ်။

အရင်က ဥပဒေနဲ့ ပိတ်ပင်ထားခဲ့တဲ့ ကျားရိုးနဲ့ ကြံ့ချိုလို ပစ္စည်းတွေကို အထူးအခြေအနေတွေနဲ့ ပတ်သက်လာရင် ရောင်းဝယ်ခွင့်ပြုမယ်လို့ နိုင်ငံတော်ကောင်စီက တနင်္လာနေ့ ရုတ်တရက် ကြေညာခဲ့တဲ့အတွက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတွေ အံ့သြထိတ်လန့်သွားခဲ့ကြပါတယ်။

တရုတ်အစိုးရကပြောတဲ့ အထူးအခြေအနေဆိုတာမှာ သိပ္ပံဆိုင်ရာ သုတေသန၊ ဆေးဝါး သုတေသန၊ ရောဂါကုသရေးနဲ့ ယဉ်ကျေးမှု အမွေအနှစ်အဖြစ်ဆိုရင် ရောင်းဝယ်ခွင့်ပြုမယ်လို့ ဖေါ်ပြထားပါတယ်။

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတွေကတော့ ဒါဟာ မျိုးပြုန်းတော့မယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ တိရစ္ဆာန်မျိုးစိတ်တွေအတွက် သေမိန့်ချလိုက်တာဖြစ်တယ်လို့ ဝေဖန်ပြောဆိုကြပါတယ်။

တရုတ်ပြည်မှာ ၁၉၉၃ ခုနှစ်ကစလို့ ကျားရိုးနဲ့ ကြံ့ချိုတွေ ရောင်းဝယ်ခွင့် ပိတ်ပင်ခဲ့တာပါ။ ဒါပေမဲ့ အဲဒီအချိန်ကစပြီး သဘာဝတောရိုင်းတိရစ္ဆာန်ထွက်ပစ္စည်း မှောင်ခိုဈေးကွက် ကြီးထွားလာခဲ့ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
တောရိုင်းတိရစ္ဆာန် အစိတ်အပိုင်း ရောင်းဝယ်မှု တရုတ်အစိုးရ လျော့ပေါ့ပေး တောရိုင်းတိရစ္ဆာန် အစိတ်အပိုင်း ရောင်းဝယ်မှု တရုတ်အစိုးရ လျော့ပေါ့ပေး Reviewed by THITHTOOLWIN on 10:40 Rating: 5
Powered by Blogger.