စစ်တွေ အုန်းတော်ချေ ကယ်ဆယ်ရေးစခန်းမီးလောင် လူ ခြောက်ဦးသေ


ရခိုင်ပြည်နယ် စစ်တွေမြို့ အုန်းတော်ချေကယ်ဆယ်ရေးစခန်းမှာအောက်တိုဘာလ(၁၈)ရက် ည(၁၁)နာရီခွဲခန့်က မီးလောင်မှုဖြစ်ပွားပြီး လူ(၆)ဦးသေဆုံးခဲ့တယ်လို့ ပြည်နယ်အစိုးရအဖွဲ့က သိရပါတယ်။ အဆောင် (၁၂)၊ အခန်း(၁) ဦးနော်ဇူမျာအခန်း မီးဖိုမီးကြွင်းမီးကျန်ကတစ်ဆင့် စတင်လောင်ကျွမ်းခဲ့တာဖြစ်ပါတယ်။


ဒီဖြစ်စဉ်ကြောင့် အဆောင်တန်းလျား (၁၅)လုံး မီးလောင်ခဲ့ပြီး လူ(၈၂၀)ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့တယ်လို့ ပြည်နယ် စည်ပင်သာယာရေး ၀န်ကြီး ဦးဝင်းမြင့်က ပြောပါတယ်။


မီးလောင်တဲ့နေရာကိုလည်း ဒီနေ့မနက်မှာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လျှပ်စစ်၊စက်မှုနှင့်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံ၊ စည်ပင်သာယာရေး ၀န်ကြီး ဦးဝင်းမြင့်နဲ့ တာဝန် ရှိသူတွေဟာ သွားရောက်စစ်ဆေးခဲ့ပြီး မီးဘေးသင့်သူတွေကို ထောက်ပံ့ပစ္စည်းတွေပေးအပ်ခဲ့ပါတယ်။


 ဒီဖြစ်စဉ်ကြောင့် မီးပေါ့ဆသူ ဦးနော်ဇူမျာကို စစ်တွေမြို့မရဲစခန်းက အမှုဖွင့်အရေးယူထားပါတယ်။


သတင်း - လ၀န်းရံ (စစ်တွေ)(5 Plus News)
5 PLUS NEWS
https://www.facebook.com/pg/5plusnews
စစ်တွေ အုန်းတော်ချေ ကယ်ဆယ်ရေးစခန်းမီးလောင် လူ ခြောက်ဦးသေ စစ်တွေ အုန်းတော်ချေ ကယ်ဆယ်ရေးစခန်းမီးလောင် လူ ခြောက်ဦးသေ Reviewed by THITHTOOLWIN on 12:19 Rating: 5
Powered by Blogger.