ဒုဝန်ကြီး ၃ဦး ခန့်အပ်

သမ္မတရုံးကထုတ်တဲ့ ဒုတိယဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း အမိန့်စာကို တွေ့ရစဉ် / Photo: Myanmar President Office
ဝန်ကြီးဌာန ၃ခုအတွက် ဒုဝန်ကြီး ၃ဦးနဲ့ နေပြည်တော်ကောင်စီဝင်တစ်ဦးကို ခန့်အပ်တာဝန်ပေးကြောင်း နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ကြေညာလိုက်ပါတယ်။

သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယ၀န်ကြီးအဖြစ် ဦးကြည်မင်း၊ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးအဖြစ် ဒေါက်တာရဲမြင့်ဆွေ၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယ၀န်ကြီးအဖြစ် ဦးလှမော်ဦးနဲ့ နေပြည်တော်ကောင်စီဝင်အဖြစ် ဦးညီထွန်းတို့ကို တာဝန်ပေးခန့်အပ် လိုက်တာပါ။

အဲဒီဝန်ကြီးဌာန ၃ခုမှာ အရင်က ပြည်ထောင်စုဝန်ကြီး တစ်ဦးစီသာရှိပြီး အခုချိန်မှာ ဒုတိယ၀န်ကြီးတွေကို ခန့်အပ်တာဖြစ်ပါတယ်။

NLD အစိုးရတာဝန်လွှဲပြောင်းယူချိန်မှာ သမ္မတ ဦးထင်ကျော် က ပထမဆုံးမူဝါဒတွေ ပြောကြားရာမှာ အစိုးရသစ် လက်ထက်မှာ အရေအတွက်ထက် အရည်အချင်းကို ဦးစားပေးပြီး ကျစ်လျစ်ခိုင်မာတဲ့ ပြည်ထောင်စုအစိုးရတရပ် ဖွဲ့စည်းနိုင်ရေးကို ဦးတည်ဆောင်ရွက်မှာဖြစ်ကြောင်း ပြောခဲ့ပါတယ်။ အစိုးရသစ်လက်ထက်မှာ အဲဒီအချိန်က ၀န်ကြီးဌာန ၂၁ ခုနဲ့ ပြည်ထောင်စုဝန်ကြီး ၁၈ ဦးသာ ထားရှိမှာဖြစ်ကြောင်း အရေအတွက်ကို လျှော့ချလိုက်တဲ့ အတွက် ဒီ ၅နှစ်အတွင်းမှာ ကျပ်သန်းပေါင်း ၅ထောင်ကျော်ကို ချွေတာနိုင်မှာဖြစ်ကြောင်း ပြောခဲ့ပါတယ်။ အခုဆိုရင်တော့ ၀န်ကြီးဌာန ၂၄ခုမှာ ဒုတိယ၀န်ကြီး ခန့်အပ်ထားတဲ့ဌာန ၁၈ ခုရှိပြီး ဒုတိယ၀န်ကြီး ၂၀ ဦးအထိ ရှိလာပြီဖြစ်ပါတယ်။

RFA Burmese
https://www.rfa.org
ဒုဝန်ကြီး ၃ဦး ခန့်အပ် ဒုဝန်ကြီး ၃ဦး ခန့်အပ် Reviewed by THITHTOOLWIN on 20:19 Rating: 5
Powered by Blogger.