တောဘုရင် ခြင်္သေ့ထီး နဲ့ အပြိုင်ကြဲတဲ့ ခြင်္သေ့မ

ားတွေရဲ့ အဖေကို ရန်မူတဲ့ မိခင် ခြင်္သေ့မ ဇူရီ
အမေရိကန်ပြည်ထောင်စု အင်ဒီယားနား ပြည်နယ် က တိရစ္ဆာန်ဥယျာဉ်ထဲ မှာတော့ ခြင်္သေ့ပေါက်လေး ၃ ကောင် ရဲ့ မိခင်ခြင်္သေ့မ က ခင်ပွန်း ခြင်္သေ့ထီး ကို ရန်မူ တိုက်ခိုက်ခဲ့လို့ အဲ့ဒီ ခြင်္သေထီး သေဆုံးသွားခဲ့ပါတယ်။

အသက် ၁၂ နှစ် အရွယ် ခြင်္သေ့မ ဇူရီ ဟာ ခြင်္သေ့ထီး နရက်ခ် ကို အရင် ရန်မူ ကိုက်ခဲ့တာ ဖြစ်ပြီး ပူးကပ်နေတဲ့ ၂ ကောင် ကို ခွဲဖို့ တိရစ္ဆာန်ရုံ တာဝန်ရှိသူတွေ က ကြိုးစားခဲ့ကြပါသေးတယ်။ ဒါပေမယ့် လုံးဝ ခွဲမရခဲ့ဘဲ အဆုံးမှာတော့ ခြင်္သေ့ထီးဟာ အသက်ရှုကျပ်ပြီး သေဆုံးသွားခဲ့ပါတယ်။

ဒီခြင်္သေ့ စုံတွဲ ဟာ လွန်ခဲ့တဲ့ ၈ နှစ် ကတည်းက လှောင်ခြံထဲမှာ အတူတူ နေခဲ့ကြတာ ဖြစ်ပြီး သူတို့ရဲ့ သားပေါက် ခြင်္သေ့ ၃ ကောင် နဲ့ တော့ ၂၀၁၅ ခုနှစ် ကတည်းက အတူနေခဲ့ကြတာပါ။

လှောင်ခြံထဲက ခြင်္သေဟာ တမူထူးခြားတဲ့ ဟိန်းသံ ထွက်လာတာ ကို သတိပြုမိခဲ့ပြီး ဒီနောက်တော့ ၂ ကောင် လုံးမှာ ရန်လိုတဲ့ အပြုအမှုတွေ နဲ့ အချင်းချင်းကိုက် ခဲ့ကြတယ်လို့ တိရစ္ဆာန်ရုံတာဝန်ခံ ဒေးဗစ်ဟာဂန် က ပြောပါတယ်။

တိရစ္ဆာန်ရုံ တာဝန်ရှိသူတွေ က တော့ ကျန်နေသေးတဲ့ ခြင်္သေ့တွေ ကို ဘယ်လို ဆက် ထားမလဲ ဆိုတာနဲ့ ပတ်သက်လို့ လက်ရှိမှာ တိကျတဲ့ စီမံအုပ်ချုပ်မှု ထုတ်ပြန်တာ မရှိသေးပါဘူး။

BBC Burmese
https://www.bbc.com
တောဘုရင် ခြင်္သေ့ထီး နဲ့ အပြိုင်ကြဲတဲ့ ခြင်္သေ့မ တောဘုရင် ခြင်္သေ့ထီး နဲ့ အပြိုင်ကြဲတဲ့ ခြင်္သေ့မ Reviewed by THITHTOOLWIN on 19:42 Rating: 5
Powered by Blogger.