ဘင်္ဂလာနာယာပါရာ ဒုက္ခသည်စခန်းတွင် ဓါးပြတိုက်မှု ဖြစ်ပွား၍ နှစ်ဦးဖမ်းမိ၊ နှစ်ဦးဒဏ်ရာရရှိ


နိရဉ္စရာ၊ အောက်တိုဘာ ၁၄

မြန်မာနိုင်ငံမှ ထွက်ပြေးလာသူများကို ထားရှိသည့် ဘင်္ဂလာဒေ့ရှ်နိုင်ငံ ကော့စ်ဘဇားခရိုင်၊ တက်ကနက်မြို့နယ်၊ နာယာပါရာ ဒုက္ခသည် စခန်းတွင် အောက်တိုဘာ ၁၃ ရက် နံနက်တွင် ဘင်္ဂလီဒုက္ခသည် အချင်းချင်း ဓားပြတိုက်မှု ဖြစ်ပွား၍ နှစ်ဦးဒဏ်ရာရကာ၊ နှစ်ဦးကို ဖမ်းမိကြောင်း Ukhiyanews တွင် သတင်းဖော်ပြသည်။

ဒဏ်ရာရသူနှစ်ဦးမှာ နာယာပါရာ ဒုက္ခသည် စခန်းတွင် အ၀တ်အထည်ဆိုင်သည်များဖြစ်ကြသော ဖခင်ဖြစ်သူ အဘူဘာကော်ရ်နှင့် သားဖြစ်သူ မူဟာမတ်ယူစုတို့ သားဖနှစ်ဦး ဖြစ်ကြောင်း သိရသည်။

ဒဏ်ရာရသူ ၎င်းတို့သားဖနှစ်ဦးမှာ နာယာပါရာ ဒုက္ခသည်စခန်း B block ( နေအိမ်အဆောင်အကွက်- ဘီ) မှ ဖြစ်ကြပြီး ဓါးပြတိုက်သူများမှာ ၎င်းစခန်းထဲ E Block ( နေအိမ်အဆောင်အကွက်- အီး) မှ ဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။

အိမ်သားများ၏ အော်ဟစ်အကူအညီတောင်းမှုကြောင့် ပတ်ဝန်းကျင်မှ လူများနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ ၀ိုင်းဝန်းလိုက်ပါရာ ဓါးပြများမှာ သေနတ်ပစ်ခတ်၍ တောင်ပေါ်သို့ တက်ပြေးသွားပြီး ၎င်းတို့အထဲမှ ဓားပြနှစ်ကို ဖမ်းဆီးရမိသည်ဟု ဆိုသည်။

၎င်းဓါးပြနှစ်ဦးမှာ အဘူကာလောင် မာဇီနှင့် အဏ္ဍ၀ါ ဆာဒက်တို့ဖြစ်ကြပြီး ၎င်းတို့ကို ရဲစခန်းသို့ ပို့ဆောင်လိုက်သည်ဟု သတင်းတွင် ဖော်ပြသည်။

ယခုလို စခန်းတွင် ပစ်ခတ်မှု ဖြစ်ပွားသဖြင့် စခန်းတွင်းရှိ ဒုက္ခသည်များမှာ စိုးရိမ်ကြောက်လှန့်နေကြသည်ဟု သတင်းတွင် ဖော်ပြသည်။

Narinjara
https://www.facebook.com/Narinjara
ဘင်္ဂလာနာယာပါရာ ဒုက္ခသည်စခန်းတွင် ဓါးပြတိုက်မှု ဖြစ်ပွား၍ နှစ်ဦးဖမ်းမိ၊ နှစ်ဦးဒဏ်ရာရရှိ ဘင်္ဂလာနာယာပါရာ ဒုက္ခသည်စခန်းတွင် ဓါးပြတိုက်မှု ဖြစ်ပွား၍ နှစ်ဦးဖမ်းမိ၊ နှစ်ဦးဒဏ်ရာရရှိ Reviewed by THITHTOOLWIN on 20:33 Rating: 5
Powered by Blogger.