ငါးလအတွင်း မြန်မာနဲ့ ဗီယက်နမ် ကန်ဒေါ်လာ ၃၆၂ သန်းဖိုး ကုန်သွယ်ခဲ့

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ဗီယက်နမ်သမ္မတကို ဟနွိုင်းမြို့မှာ ၂၀၁၈ စက်တင်ဘာလ ၂၃ ရက်နေ့ကကျင်းပတဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်မှာတွေ့ရစဉ်
ဒီနှစ် ဧပြီလကနေ စက်တင်ဘာလအထိ မြန်မာနဲ့ ဗီယက်နမ်ကြား အပြန်အလှန်ကုန်သွယ်မှုတန်ဖိုး အမေရိကန် ဒေါ်လာ ၃၆၂ သန်းဖိုး ရှိခဲ့တယ်လို့ ကုန်သွယ်ရေးဝန်ကြီးဌာနရဲ့ စာရင်းဇယားတွေအရ သိရပါတယ်။

မြန်မာနိုင်ငံရဲ့ ဘဏ္ဍာရေးနှစ်ကို ၂၀၁၈- ၂၀၁၉ ကစပြီး မူလ ဧပြီလ ကနေ - မတ်လ အစား၊ အောက်တိုဘာကနေ စက်တင်ဘာလ အထိ ပြောင်းလဲသတ်မှတ်ထားပါတယ်။ ပထမ ၆ လ က အသွင်ကူးပြောင်းရေးကာလ ဖြစ်ပါတယ်။

မြန်မာကနေ ဗီယက်နမ်ကို အဓိက တင်ပို့နေတာတွေက ဓါတ်သတ္တု၊ စိုက်ပျိုးရေး၊ သစ်တောနဲ့ ရေထွက် ပစ္စည်းတွေဖြစ်ပြီး၊ ဗီယက်နမ်ဆီကနေ မော်တော်ကားအပိုပစ္စည်းတွေ၊ ဆောက်လုပ်ရေးပစ္စည်းတွေ၊ သံမဏိ၊ ပလပ်စတစ်၊ ဆေးဝါးနဲ့ ဓါတုဗေဒ ပစ္စည်းတွေ တင်သွင်းနေပါတယ်။

RFA Burmese
https://www.rfa.org
ငါးလအတွင်း မြန်မာနဲ့ ဗီယက်နမ် ကန်ဒေါ်လာ ၃၆၂ သန်းဖိုး ကုန်သွယ်ခဲ့ ငါးလအတွင်း မြန်မာနဲ့ ဗီယက်နမ် ကန်ဒေါ်လာ ၃၆၂ သန်းဖိုး ကုန်သွယ်ခဲ့ Reviewed by THITHTOOLWIN on 19:35 Rating: 5
Powered by Blogger.