ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ US-Bangla လေကြောင်းလိုင်းမှ ပြည်တွင်းလေကြောင်းခရီးစဉ် အရေးပေါ်ဆင်းသက်ခဲ့ရ

US-Bangla လေကြောင်းလိုင်းမှ လေယာဉ်တစ်စင်းအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)
ဒါကာ၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ)

    ဘင်္ဂလားဒေ့ရှ် US-Bangla လေကြောင်းလိုင်းမှ ပြည်တွင်းလေကြောင်းလိုင်းခရီးစဉ်တစ်ခုသည် ခရီးသည် ၆၄ ဦးနှင့် လေယာဉ်ဝန်ထမ်း ၇ ဦးဖြင့် ထွက်ခွာသွားခဲ့ပြီး လေယာဉ်ဘီးချို့ယွင်းမှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ဘက်ရှိ လေဆိပ်တစ်ခုတွင် အရေးပေါ်ဆင်းသက်ခဲ့ရကြောင်း တာဝန်ရှိသူများက  စက်တင်ဘာလ ၂၆ ရက်တွင် ပြောကြားလိုက်သည်။

အဆိုပါ လေယာဉ်သည် စက်တင်ဘာလ ၂၆ ရက် ဒေသစံတော်ချိန် နံနက် ၁၁း၄၅ နာရီတွင် မြို့တော် ဒါကာမှ ကော့ဘဇား (ဒါကာမှ ၂၉၂ ကီလိုမီတာအကွာ) သို့ ထွက်ခွာခဲ့ကြောင်း၊ ဒါကာမှ အရှေ့တောင်ဘက် ၂၄၂ ကီလိုမီတာရှိ စစ်တကောင်းမြို့သို့ ပြန်လည်ပျံသန်းလာစဉ် ရှေ့ဘီးများ ချို့ယွင်းမှုကြောင့် Shah Amanat အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် အရေးပေါ်ဆင်းသက်ခဲ့ရခြင်း ဖြစ်ကြောင်း လေဆိပ်တာဝန်ရှိသူက ဆင်ဟွာသို့ ပြောကြားခဲ့သည်။

အမည်မဖော်လိုသူ အထက်ပါအရာရှိ၏ ပြောကြားချက်အရ ခရီးသည်များနှင့် လေယာဉ်ဝန်ထမ်းများအားလုံး ဘေးကင်းစွာဖြင့် လေယာဉ်က အရေးပေါ်ဆင်းသက်နိုင်ခဲ့ကြောင်း သိရသည်။

ယခုနှစ် မတ်လအစောပိုင်းကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပုဂ္ဂလိကပိုင် US-Bangla လေကြောင်းလိုင်းမှ လေယာဉ်တစ်စင်း နီပေါနိုင်ငံ ခတ္တမန္ဒူမြို့သို့ ဆင်းသက်စဉ် ပျက်ကျခဲ့ပြီး လူ ၅၁ ဦးထက်မနည်း သေဆုံးခဲ့မှု ဖြစ်ပွားခဲ့သည်။

(Xinhua)
http://www.xinhuamyanmar.com
ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ US-Bangla လေကြောင်းလိုင်းမှ ပြည်တွင်းလေကြောင်းခရီးစဉ် အရေးပေါ်ဆင်းသက်ခဲ့ရ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ US-Bangla လေကြောင်းလိုင်းမှ ပြည်တွင်းလေကြောင်းခရီးစဉ် အရေးပေါ်ဆင်းသက်ခဲ့ရ Reviewed by THITHTOOLWIN on 21:07 Rating: 5
Powered by Blogger.