SSPP ၊ TNLA ပူးပေါင်းအဖွဲ့ RCSS ကို ထိုးစစ်ဆင်

ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် SSPP/SSA တပ်ဖွဲ့ဝင်တွေကို ၂၀၁၈ စက်တင်ဘာလ ၃ ရက်နေ့ကတွေ့ရစဉ် / Photo: Kan Thar/RFA
ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် SSPP/SSA နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ TNLA ပူးပေါင်းအဖွဲ့ဟာ စစ်ကြောင်းလေးကြောင်းခွဲပြီး နမ္မတူမြို့နယ်ထဲမှာရှိတဲ့ RCSS/SSA တပ်စွဲထားတဲ့ ကျေးရွာတဝိုက် ကို ထိုးစစ်ဆင်နေတယ်လို့ သိရပါတယ်။

ဇူလိုင်လ ၅ ရက်နေ့ကစပြီး ဝမ်ဟိုင်းအခြေစိုက် SSPP/SSA တပ်မ ၉၉၉ နဲ့ TNLA တပ်မဟာ ၄ ပူးပေါင်းတပ်ဖွဲ့ဟာ RCSS ကို စစ်ဆင်ရေးလုပ်နေတာလို့ ပူးပေါင်းတပ်ဖွဲ့ တပ်မှူးတွေက ပြောပါတယ်။

လတ်တလောမှာ နမ္မတူ-လားရှိုးလမ်းပိုင်း အီနိုင်းရွာအဝင်မှာ ရေကျော်နေတာကြောင့် နမ္မတူ-လားရှိုး ခရီးသွားတွေဟာ ပန်လုံလမ်းပိုင်းကနေ သွားလာနေရသလို နမ့်ဆန်-ကျောက်မဲ မန္တလေးကားတွေဟာလည်း ပန်လုံလမ်းကနေသာ သွားလာနေကြတာပါ။

တိုက်ပွဲတွေကြောင့် ခရီးသွားကားတွေ သတိထားသွားလာကြဖို့ SSPP/SSA က သတိပေးထားပါတယ်။

လတ်တလောမှာ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် နမ္မတူမြို့နယ်ထဲက ဒေသခံ နှစ်ထောင်ကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။

RCSS တပ်တွေ ရှမ်းမြောက်ဒေသကနေ  ဌာနချုပ်ဖြစ်တဲ့ လွယ်တိုင်းလျန်းကို ဆုတ်ခွာသွားတဲ့အထိ စစ်ဆင်ရေးလုပ်မယ်လို့ SSPP နဲ့ TNLA ပူးပေါင်းအဖွဲ့ခေါင်းဆောင်တွေက ပြောပါတယ်။

RFA Burmese
https://www.rfa.org/burmese
SSPP ၊ TNLA ပူးပေါင်းအဖွဲ့ RCSS ကို ထိုးစစ်ဆင် SSPP ၊ TNLA ပူးပေါင်းအဖွဲ့ RCSS ကို ထိုးစစ်ဆင် Reviewed by THITHTOOLWIN on 20:01 Rating: 5
Powered by Blogger.