မြဝတီမြို့၌ စိတ်ကြွရူးသွပ်ဆေးပြား(၄၄၅)ပြား၊ ပွိုင့်(၂၂)ကျည်(၂၀)တောင့်၊ မိုင်း(၁၄)လုံးနှင့်ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ


နေပြည်တော် ၉ စက်တင်ဘာ

မြဝတီမြို့၊ (၅)ရပ်ကွက်၊ တရုတ်ဘုံကျောင်းရှေ့၌ မြဝတီခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး အောင်နိုင်ထွန်း ဦးစီးပူးပေါင်းအဖွဲ့သည် ယနေ့နံနက်ပိုင်းက ယာဉ်များအားစစ်ဆေးရှာဖွေစဉ် မြဝတီမြို့တွင်းမှ မြို့ပြင်သို့ အမှတ်(၅)ရပ်ကွက်နေ ကျော်ခိ မောင်းနှင်ပြီး တစ်မြို့တည်းနေ နန်းညိုညိုအေး၊ စောကျော်ထု၊ လှိုင်းဘွဲမြို့နယ်နေ စောဒိကလူးလိုက်ပါလာသည့် ယာဉ်အား ရပ်တန့်စစ်ဆေးရာ စောဒိကလူးထံမှ တရုတ်နိုင်ငံလုပ် 5-85900 လက်ပစ်ဗုံး (၁) လုံး(ဖြူ့စ်ပါ)နှင့် ယာဉ်မောင်းထိုင်ခုံ နောက်ကျောတွင် ချိတ်ဆွဲထားသည့် လွယ်အိတ်အတွင်းမှ ပွိုင့် ၂၂ ကျည် (၂၀)တောင့်၊ WY/Rစာတမ်းပါ စိတ်ကြွဆေးပြား (၄၄၅) ပြားနှင့်ငွေကျပ် (၁၀၀,၀၀၀) တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။


ထို့နောက် (၄)ရပ်ကွက်ရှိ ကျော်ခိ၏နေအိမ်သို့ ဆက်လက်ရှာဖွေရာ T-628 အမျိုးအစား ဓာတ်ခဲ(၁၂)လုံးပါ အိမ်တွဲလျက်မိုင်း(၈)လုံး၊ BELL SOUTH T-388 အမျိုးအစားဓာတ်ခဲ(၁၂)လုံးပါ အိမ်တွဲလျက် မိုင်း(၆)လုံး၊ T-628 အမျိုးအစားရီမု(၂)ခု၊ TESTစာတမ်းပါမိန်းခုံ(၂)ခု၊ အရှည်(၁၃)ပေခွဲခန့်ရှိ ယမ်းကြိုး (၁)ချောင်း၊ TNTအမျိုးအစားယမ်းပျော့(၁၅)တောင့်၊ ဒီတိုနေတာ(၂၀)ခု တို့အား ထပ်မံသိမ်းဆည်း ရမိသဖြင့် ကျော်ခိ ပါ(၄)ဦးအား မြဝတီမြို့မရဲစခန်းက အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။



Myanmar Digital News
https://www.facebook.com/MyanmarDigitalNews
မြဝတီမြို့၌ စိတ်ကြွရူးသွပ်ဆေးပြား(၄၄၅)ပြား၊ ပွိုင့်(၂၂)ကျည်(၂၀)တောင့်၊ မိုင်း(၁၄)လုံးနှင့်ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ မြဝတီမြို့၌ စိတ်ကြွရူးသွပ်ဆေးပြား(၄၄၅)ပြား၊ ပွိုင့်(၂၂)ကျည်(၂၀)တောင့်၊ မိုင်း(၁၄)လုံးနှင့်ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ Reviewed by THITHTOOLWIN on 10:57 Rating: 5
Powered by Blogger.