မန်ခွတ် တိုင်ဖုန်းမုန်တိုင်းကြောင့် လူအတော်များများ ဖိလစ်ပိုင်မှာ သေဆုံး

(ဖိလစ်ပိုင်မှာ အပျက်အစီးတွေကြားထဲ ရှာဖွေရေးတွေ လုပ်ဆောင်နေတာကို တွေ့ရစဉ်)
ဖိလစ်ပိုင်နိုင်ငံမှာ တိုက်ခတ်ခဲ့တဲ့ မန်ခွတ် အမည်ရှိ တိုင်ဖုန်းမုန်တိုင်းကြောင့် မြေပြိုမှုတွေဖြစ်ပွားခဲ့ရာမှာ လူအတော်များများ သေဆုံးဖွယ်ရှိတယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

ဖိလစ်ပိုင်မြောက်ပိုင်း လူဇုန်ကျွန်းမှာ အနည်းဆုံး ၆၅ ဦး သေဆုံးခဲ့ပြီး၊ အများအပြား ပျောက်ဆုံးနေပါတယ်။

မြေပြိုမှုတစ်ခုကနေ အလောင်း ၁၁ လောင်း တူးဖေါ်တွေ့ရှိခဲ့ပေမယ့် လူ ၄၀ လောက် ပိတ်မိနေပါတယ်။ အရေးပေါ် ခိုလှုံရေးစခန်းတစ်ခုအပေါ် မြေပြိုကျခဲ့လို့လည်း ကြီးမားတဲ့ မြေစာပုံကြီးတွေ အောက်မှာ လူအများ အပြား ပိတ်မိနေပါတယ်။ ကယ်ဆယ်ရေးသမားတွေ ကြိုးစားတူးဖေါ်နေကြပေမယ့် အခုထိ မအောင်မြင်သေးတဲ့ အတွက် အသက်ရှင်ကျန်သူတွေ့ရှိဖို့ မျှော်လင့်ချက် နည်းပါးလာနေတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

မုန်တိုင်းကြောင့် တရုတ်ပြည်တောင်ပိုင်း ကွမ်တုံးပြည်နယ်မှာ လူ ၄ ဦး သေဆုံးခဲ့ပါတယ်။

ဟောင်ကောင်မှာလည်း မုန်တိုင်းကြောင့် လူ ၃၀၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့ပြီး၊ တနင်္လာနေ့ကတော့ အပျက်အစီးပုံကြီးတွေကို မြို့လူထု ရှင်းလင်းနေကြပါတယ်။

RFA Burmese
https://www.facebook.com/pg/rfaburmese
မန်ခွတ် တိုင်ဖုန်းမုန်တိုင်းကြောင့် လူအတော်များများ ဖိလစ်ပိုင်မှာ သေဆုံး မန်ခွတ် တိုင်ဖုန်းမုန်တိုင်းကြောင့် လူအတော်များများ ဖိလစ်ပိုင်မှာ သေဆုံး Reviewed by THITHTOOLWIN on 10:30 Rating: 5
Powered by Blogger.