တခြားနိုင်ငံတွေကို ခြိမ်းခြောက်ဖို့ မဟုတ်မမှန်စွပ်စွဲချက်တွေ ကန် အသုံးပြုတယ်လို့ တရုတ် ပြော

(အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် ကို တွေ့ရစဉ်)
အမေရိကန်ပြည်ထောင်စုဟာ တခြားနိုင်ငံတွေကို ခြိမ်းခြောက်ဖို့ ကုန်သွယ်ရေးမှာ အတုအယောင် စွပ်စွဲချက်တွေ အသုံးပြုနေတယ်လို့ တရုတ်အစိုးရက ပြောလိုက်ပါတယ်။

အမေရိကန်အစိုးရဟာ မဟုတ်မမှန် စွပ်စွဲချက်တွေ ဖန်တီး၊ ကုန်သွယ်စည်းကြပ်ခွန်တွေ တိုးမြှင့်တာတွေအပါအ၀င် တခြား စီးပွားရေးခြိမ်းခြောက်မှုဆိုင်ရာ နည်းလမ်းပေါင်းစုံသုံးပြီး၊ သူ့ တကိုယ်ကောင်း အကျိုးစီးပွားအတွက် တရုတ်ကို ဖိအားပေးနေတယ်လို့ တရုတ်အစိုးရ နိုင်ငံတော်ကောင်စီ က ပြောပါတယ်။

ဒါ့ပြင် သမ္မတ ဒေါ်နယ်ထရမ့် ရဲ့ အမေရိကား ပထမ ဆိုတဲ့ ကြွေးကြော်သံကိုလည်း တရုတ်က ပြစ်တင်ရှုံ့ချလိုက်ပါတယ်။

တရုတ် ဘဏ္ဍာရေးဝန်ကြီးဌာနကလည်း ဒေါ်လာ ၆၀ ဘီလျံ တန်ဖိုးရှိတဲ့ အမေရိကန်ရဲ့ ပို့ကုန် အမျိုးပေါင်း ၅၂၀၀ အပေါ် ကုန်သွယ်စည်းကြပ်ခွန် ၅ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်းအထိ တိုးမြှင့်မယ်လို့ ပြီးခဲ့တဲ့ သီတင်းပတ် က ပြောလိုက်ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
တခြားနိုင်ငံတွေကို ခြိမ်းခြောက်ဖို့ မဟုတ်မမှန်စွပ်စွဲချက်တွေ ကန် အသုံးပြုတယ်လို့ တရုတ် ပြော တခြားနိုင်ငံတွေကို ခြိမ်းခြောက်ဖို့ မဟုတ်မမှန်စွပ်စွဲချက်တွေ ကန် အသုံးပြုတယ်လို့ တရုတ် ပြော Reviewed by THITHTOOLWIN on 10:35 Rating: 5
Powered by Blogger.