အိန္ဒိယ နိုင်ငံ မြောက်ပိုင်း ဒေသ တွင် လူပေါင်း အနည်းဆုံး ၃၆ ဦး အမည်မသိ ရောဂါ တစ်မျိုးကြောင့် သေဆုံး

အိန္ဒိယ နိုင်ငံ ဆေးရုံ တစ်ခု တွင် ဆေးဝါး ကုသမှု ခံယူနေကြသူ များအား မြင်တွေ့ရစဉ်(ဆင်ဟွာ)
နယူးဒေလီ ၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ)

    အိန္ဒိယ နိုင်ငံ မြောက်ပိုင်း Uttar Pradesh ပြည်နယ် ကျန်းမာရေး ဌာန အရာရှိ တစ်ဦး က လွန်ခဲ့သည့် ၁၅ ရက် တာ ကာလ အတွင်း ပြည်နယ် ၌ လူပေါင်း အနည်းဆုံး ၃၆ ဦး မှာ အမည်မသိ ရောဂါ တစ်မျိုးကြောင့် ကိုယ်ပူချိန် မြင့်တက် သေဆုံး ခဲ့ကြောင်း စက်တင်ဘာ ၁၁ ရက် ၌ ပြောကြား ခဲ့သည်။

အိန္ဒိယ နိုင်ငံ သတင်း မီဒီယာ ၏ ဖော်ပြချက် အရ Uttar Pradesh ပြည်နယ် အစိုးရ အနေဖြင့် ဆေးဝါး ကုသမှု အဖွဲ့အား ကိုယ်ပူချိန် မြင့်တက် စေသော အမည်မသိ ရောဂါ ဖြစ်ပွားရာ ဒေသ သို့ စေလွှတ် ခဲ့ပြီး ဒေသတွင်း ၌ ရောဂါ ပြန့်ပွားမှု ကာကွယ်ရေး ဆောင်ရွက်မှုများ ပြုလုပ် စေခဲ့ကြောင်း သိရှိရသည်။

Uttar Pradesh ပြည်နယ် ကျန်းမာရေး ဌာန အရာရှိ ၏ ပြောကြားချက်အရ အမည်မသိ ရောဂါ ဖြစ်ပွား နေသည့် ဒေသ တွင် ယာယီစခန်း များ တည်ဆောက် ပေးခဲ့ပြီး ကျန်းမာရေး ဝန်ထမ်း များ အနေဖြင့် လျင်မြန်စွာ ရောဂါ စစ်ဆေးသည့် နည်းပညာ ဖြင့် ဆေးဘက် ဆိုင်ရာ တိုင်းတာ စစ်ဆေးမှုများ ဆောင်ရွက်နေကြောင်း သိရှိရသည်။

(Xinhua)
http://www.xinhuamyanmar.com
အိန္ဒိယ နိုင်ငံ မြောက်ပိုင်း ဒေသ တွင် လူပေါင်း အနည်းဆုံး ၃၆ ဦး အမည်မသိ ရောဂါ တစ်မျိုးကြောင့် သေဆုံး အိန္ဒိယ နိုင်ငံ မြောက်ပိုင်း ဒေသ တွင် လူပေါင်း အနည်းဆုံး ၃၆ ဦး အမည်မသိ ရောဂါ တစ်မျိုးကြောင့် သေဆုံး Reviewed by THITHTOOLWIN on 20:08 Rating: 5
Powered by Blogger.