မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်တွင် မီးပလပ်ခုံအပူလွန်ကဲ၍ မီးလောင်မှုဖြစ်ပွား နေအိမ်ငါးလုံးဆုံးရှုံး


မန္တလေး - စက်တင်ဘာ ၂

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မြို့သစ်(၄)ရပ်ကွက် ၆၂ လမ်းနှင့် ၆၃ လမ်း ကြား ကံ့ကော်လမ်းနှင့်သံလမ်းကြားတွင် ယနေ့နံနက် ၃ နာရီ မိနစ် ၅ဝ ခန့်ကမီးလောင် မှုဖြစ်ပွားခဲ့ပြီး နေအိမ်ငါးလုံး မီးလောင် ဆုံးရှုံးခဲ့သည်။

မြို့သစ်(၄)ရပ်ကွက် ၆၂ လမ်းနှင့် ၆၃ လမ်းကြား ကံ့ကော်လမ်း အိမ်အမှတ် (၁၈/က)ဦးခင်မောင်သိန်း အသက်(၅၄ နှစ်) ပိုင်ဆိုင်သည့်(ပေ၂ဝxပေ ၃ဝ)ရှိ ထရံကာ၊ သွပ်မိုး၊ နှစ်ထပ်နေအိမ်မှ နေအိမ်အပေါ်ထပ် ရှိ မီးပလပ်ခုံမှ အပူလွန်ကဲ၍ မီးလောင်ကျွမ်း မှု စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

မီးလောင်မှုကြောင့် သွပ်မိုးထရံကာ မြေစိုက် နှစ်ထပ်အိမ် တစ်လုံးနှင့် သွပ်မိုးထရံကာမြေစိုက် တစ်ထပ်အိမ်သုံးလုံး စုစုပေါင်းနေအိမ်ငါးလုံး ပျက်စီးဆုံးရှုံးခဲ့ရပြီး မီးလောင်မှုကြောင့် ငွေကျပ် ၂၃ သိန်းခန့်ဆုံးရှုံးခဲ့ရကြောင်း မီးသတ်ဦးစီးဌာန၏ စိစစ်တွက်ချက်မှုအရ သိရသည်။

လက်ရှိတွင် မီးစတင်လောင်ကျွမ်းသည့်နေအိမ်ပိုင်ရှင်ဦးခင်မောင်သိန်းအား အမှတ်(၁၁) နယ်မြေရဲ စခန်းတွင် (ပ)၃၆၁/၂ဝ၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ-၂၈၅ ဖြင့်အမှုဖွင့် အရေးယူဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ထက်မြက်အောင်
The Union Daily
https://www.facebook.com/uniondaily.net
မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်တွင် မီးပလပ်ခုံအပူလွန်ကဲ၍ မီးလောင်မှုဖြစ်ပွား နေအိမ်ငါးလုံးဆုံးရှုံး မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်တွင် မီးပလပ်ခုံအပူလွန်ကဲ၍ မီးလောင်မှုဖြစ်ပွား နေအိမ်ငါးလုံးဆုံးရှုံး Reviewed by THITHTOOLWIN on 21:05 Rating: 5
Powered by Blogger.