ဖိလစ်ပိုင်အားပြင်း တိုင်ဖွန်း လူသေဆုံးမူရှိ

ဖိလစ်ပိုင် အရှေ့မြောက်ပိုင်း တိုင်ဖွန်း Mangkhut တိုက်ခိုက်နေသည့်ကြားမှ မနက်စောအလုပ်ဆင်းသူများ
ဖိလစ်ပိုင်နိုင်ငံကို ဒီကနေ့အစောပိုင်းမှာ ၀င်ရောက်တိုက်ခတ်ခဲ့တဲ့ တိုင်ဖွန်းမုန်တိုင်း Mangkhut ကြောင့် မိုးသည်းထန်ပြီး အပျက်အစီးတွေဖြစ်ပွါးနေပါတယ်။ မိုးသည်းထန်ပြီး မြေပြိုမှုကြောင့် လူ ၂ ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။

နိုင်ငံမြောက်ဘက်စွန်း လူဇုံကျွန်းပေါ်က Baggao မြို့ ထဲကို ဒီကနေ့မနက်အစောပိုင်းမှာပဲ တိုင်ဖွန်းမုန်တိုင်းဝင်ရောက်လာတာပါ။ တနာရီ ၁၆၇ မိုင်နှုန်းနဲ့ လေပြင်းတွေတိုက်လို့ သွပ်မိုးတွေလှန်ကုန်ပြီး မီးတွေလည်း ပြတ်ကုန်ပါတယ်။ မုန်တိုင်းမ၀င်ခင်ကတည်းက တာဝန်ရှိသူတွေက ဒေသခံတွေကို ၂ ရက်ဆက်တိုက် ဘေးလွှတ်ရာရွှေ့ပြောင်းပေးခဲ့ပါတယ်။ မြို့တော်မနီလာအပါအ၀င် ပြည်နယ်အတော်များများကိုရော လူဇုံကျွန်းပေါ်က မြို့ တွေအတွက်ပါ မုန်တိုင်းသတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

ကုန်းတွင်းပိုင်းကို ၀င်မလာခင်Mangkhut တိုင်ဖွန်းမုန်တိုင်းပေါ်က မိုးတိမ်တိုက်တွေရဲ့ အချင်းက မိုင်ပေါင်း ၅၆၀ လောက်ရှိခဲ့ပါတယ်။ Mangkhut တိုင်ဖွန်းမုန်တိုင်းကို စူပါ တိုင်ဖွန်းအဆင့်ကနေ ရိုးရိုးတိုင်ဖွန်း အဆင့်ကိုလျော့ချလိုက်ပေမယ့် လက်ရှိအမေရိကန်ပြည်ထောင်စု အရှေ့ဘက်ကမ်းရိုးတမ်းမှာ တိုက်ခတ်နေတဲ့ Florance မုန်တိုင်းကြီးထက် အားပြင်းနေပါသေးတယ်။ Mangkhut မုန်တိုင်းဟာ လာမယ့်တနင်္လာနေ့မှာ ဟောင်ကောင်နဲ့ တရုတ်နိုင်ငံတောင်ပိုင်းကို ဦးတည်ရွှေ့လျားသွားမယ်လို့ မိုးလေ၀သပညာရှင်တွေက ခန့်မှန်းထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ