ကချင်ပြည်နယ်၌ မိခင်ဖြစ်သူအား နှိပ်စက်သည့်ပထွေးကို သားဖြစ်သူက ဓားဖြင့်ထိုးသတ်


ရန်ကုန် စက်တင်ဘာ ၇

ကချင်ပြည်နယ် ဗန်းမော်မြို့ နယ်၌ မိခင်ဖြစ်သူကို အရက်သေ စာသောက်စားပြီးတိုင်း နှိပ်စက် လေ့ရှိသည့် ပထွေးအား သားဖြစ် သူက ဓားဖြင့်ထိုးသတ်မှုဖြစ်ပွား ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့ ည ၈ နာရီခန့်က ဗန်းမော်မြို့နယ် စင့် ကင်ကျေးရွာနေ ဒေါ်နှင်းအုန်း (၄၇နှစ်)သည် သားဖြစ်သူ ထက် ဝေအောင်နှင့်အတူ နေအိမ်၌ရှိနေစဉ် ဒေါ်နှင်းအုန်း၏ နောက်အိမ် ထောင်ဖြစ်သူ ဦးဇော်ဇော်က အရက်သေစာသောက်စားပြီး နေ အိမ်သို့ရောက်ရှိလာကာ စကားများ ရန်ဖြစ်၍ ဗီရိုအားရိုက်ခွဲပြီး နေ အိမ်ပြင်ပသို့ ထွက်သွားခဲ့ကြောင်း၊ ယင်းနောက် နာရီဝက်ခန့်အကြာ တွင် နေအိမ်ရှေ့လမ်းမပေါ်သို့ ရောက်ရှိလာပြီး အော်ဟစ်ဆဲဆိုနေ စဉ် ဟင်းချက်ရန် ချဉ်ပေါင်ရွက် သင်နေသည့် သားဖြစ်သူ ထက်ဝေ အောင်က ''ငါ့အမေကို ဒီလိုမနှိပ် စက်နဲ့''ဟု ပြောပြီး ချဉ်ပေါင်ရွက် သင်နေသည့် ဓားဖြင့်လေးချက် ထိုးခဲ့ရာ ဝဲရင်အုံထိုးသွင်းဒဏ်ရာ တစ်ချက်၊ ဝဲရင်ညွန့်ထိုးသွင်းဒဏ် ရာတစ်ချက်၊ ဝမ်းဗိုက်ထိုးသွင်း ဒဏ်ရာတစ်ချက်၊ ယာရင်ညွန့်ထိုး သွင်းဒဏ်ရာတစ်ချက်ရရှိကာ သေ ဆုံးခဲ့ကြောင်း သိရသည်။ အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ထက်ဝေ အောင်(၁၉နှစ်)အား ဗန်းမော်မြို့မ ရဲစခန်းက (ပ)၃၉၅/၂ဝ၁၈ ရာဇသတ်ကြီးပုဒ်မ ၃ဝ၂ အမှုကြီး အမှတ်စဉ် ၆/၂ဝ၁၈ ဖြင့် ဖမ်းဆီး အရေးယူထားကြောင်း သိရသည်။

TT
The Union Daily
https://www.facebook.com/uniondaily.net
ကချင်ပြည်နယ်၌ မိခင်ဖြစ်သူအား နှိပ်စက်သည့်ပထွေးကို သားဖြစ်သူက ဓားဖြင့်ထိုးသတ် ကချင်ပြည်နယ်၌ မိခင်ဖြစ်သူအား နှိပ်စက်သည့်ပထွေးကို သားဖြစ်သူက ဓားဖြင့်ထိုးသတ် Reviewed by THITHTOOLWIN on 19:34 Rating: 5
Powered by Blogger.