ကျောက်ဆည်မြို့နယ် ဘော်တောင်ကျေးရွာ၌ ယာဉ်တိမ်းမှောက်မှုဖြစ်ပွား (၅)ဦးသေဆုံး


၂၀၁၈ စက်တင်ဘာ၂၈

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် ရဲရွှာ ရဲစခန်းပိုင် ဘော်တောင်ကျေးရွာတွင် စက်တင်ဘာ(၂၇)နေ့  နံနက်(၄း၀၀)အချိန်ခန့် က တောင်အဆင်းလမ်း၌ ယာဉ်ဘရိတ်ပေါက်ကာယာဉ်တိမ်းမှောက်၍ (၅)ဦးသေဆုံးကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် ဘော်တောင်ကျေးရွာ ဒုတိယလမ်းကွေ့ မိုင်တိုင်၁၂/၁၃ကြားအနီးတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းအရ ရဲရွှာနယ်မြေ ရဲစခန်းမှ စခန်းမှုး ရဲအုပ်မောင်ဝင်းနှင့်အဖွဲ့သည် သက်သေများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

ဖြစ်စဉ်မှာ ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပန်းတောင်းမြို့နယ်မှ ဆောက်လုပ်ရေးလုပ်သားများနှင့်ယာဉ်မောင်းသူပါကျား(၁၀)ဦးအဖွဲ့သည် ရဲရွှာရေးအားလျှပ်စစ် စက်ရုံဝင်းအတွင်းရှိ ယမ်းတိုက်ဂိုထောင်ဟောင်းအား ပြုပြင်ပြီးစီး၍ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ တင်ဆောင်လာသော YGN 4F------ဖောကားခေါင်ရှည်အပြာရောင်ယာဉ်အား မောင်ထက်ပိုင်ဝင်း(၂၅)နှစ်(ဘ)ဦးအောင်ခိုင်ဦး မောင်းနှင်လာစဉ် ဘော်တောင်အဆင်းလမ်းတွင် ဘရိတ်ပေါက်ကာအရှိန်မထိန်းနိုင်ဘဲလမ်း၏ ဝဲဘက်ဂျောက်ထဲသို့ ထိုးကျတိမ်းမှောက်၍ အခင်းဖြစ်နေရာ၌ ရဲဇော်(၂၆)နှစ်၊ ကျော်သူဖြိုးဝေ(၁၉)နှစ်၊ မင်းအောင်(၃၆)နှစ်၊ ဝင်းစန်းဦး(၃၆)နှစ်၊ ငြိမ်းချမ်းအောင်(၃၂)နှစ် ပန်းရံလုပ်သား ပန်းတောင်မြို့ သောင်ကြီးရွာနေသူတို့မှာရရှိသောဒဏ်ရာများနှင့် သေဆုံးခဲ့ကြောင်း သိရသည်။

 ဒဏ်ရာရရှိသူ မင်းလွင်(၄၁)နှစ်၊ ထက်ထက်နိုင်(၃၄)နှစ်၊ ထက်ပိုင်ဝင်း(၂၅)နှစ်၊ စိုင်းဝဏ္ဏ(၁၈)နှစ်၊ သူရိန်းလင်း(၁၉)နှစ် တို့အား ကျောက်ဆည်ဆေးရုံကြီးသို့ ပို့ဆောင်ဆေးကုသလျှက်ရှိကြောင်း ယာဉ်အား လူသေဆုံးအောင် မဆင်မခြင် ပေါ့ဆစွာမောင်းနှင်သူ ထက်ပိုင်ဝင်းအား အရေးယူပေးရန် ရဲအုပ်မောင်းဝင်းမှ တရားလိုပြုတိုင်းတန်းသဖြင့် စက်တင်ဘာ၂၇ ၈း၄၀အချိန် ရဲရွှာနယ်မြေရဲစခန်းမှ ယာဉ်(ပ)၃/၂၀၁၈ရာဇသတ်ကြီး၂၇၉/၃၀၄က/၃၃၈ အရေးယူထားရှိပြီး အမှုမှ တရားခံအား ဖမ်းဆီးစစ်ဆေးမည်ဖြစ်ကာ သက်သေခံ ယာဉ်အား သိမ်းဆည်းခြင်း အရက်သေစာသောက်စားခြင်းရှိမရှိ ယာဉ်လိုင်စဉ်ယာဉ်မောင်းလိုင်စဉ်ရှိမရှိ ရဲလုပ်ငန်းများပြီး ပြည့်စုံအောင် စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

မြခေါင်
(ကျောက်ဆည် )
ကျောက်ဆည်မြို့နယ် ဘော်တောင်ကျေးရွာ၌ ယာဉ်တိမ်းမှောက်မှုဖြစ်ပွား (၅)ဦးသေဆုံး  ကျောက်ဆည်မြို့နယ် ဘော်တောင်ကျေးရွာ၌ ယာဉ်တိမ်းမှောက်မှုဖြစ်ပွား (၅)ဦးသေဆုံး Reviewed by THITHTOOLWIN on 20:56 Rating: 5
Powered by Blogger.