မန္တလေးမှာ အစိုးရအယုံအကြည်မရှိကြောင်း လှုံ့ဆော်စာကပ်သူတွေကို စုံစမ်းနေဆဲ

UN အလိုမရှိ စာရွက်တစ်ခုကို မန္တလေးမြို့ ဓါတ်တိုင်တစ်တိုင်မှာ ကပ်ထားတာကို တွေ့ရစဉ်
မန္တလေးမြို့ပေါ် လမ်းထောင့်တွေက  ဓာတ်တိုင်တချို့မှာ “ကုလသမဂ္ဂ UN အလိုမရှိ၊ NLD အစိုးရ အယုံအကြည်မရှိ၊ မြန်မာနိုင်ငံမှာ ခိုးဝင်ဘင်္ဂါလီသာ ရှိတယ် ရိုဟင်ဂျာဆိုတာမရှိ၊ မြန်မာ့သမိုင်းကို သွေးနဲ့ဆေးမယ်” ဆိုတဲ့ ရေးသားချက်ပါ စာရွက်တွေ နှစ်ရက်ဆက်တိုက် ကပ်ခဲ့တာနဲ့ပတ်သက်လို့ ဘယ်သူဘယ်ဝါ လက်ချက်ဆိုတာကို အာဏာပိုင်တွေက စုံစမ်းနေဆဲပဲလို့ သိရပါတယ်။

တရားခံကို စုံစမ်းနေဆဲလို့ မဟာအောင်မြေမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင်ထွန်းအောင် ကပြောပါတယ်။

"ထူးခြားမှုတော့ မရှိသေးဘူး။ အတိအကျမသိပဲနဲ့တော့ ပြောလို့မရဘူးပေါ့။ စုံစမ်းဆဲပါပဲ။"

မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာနဲ့ ရေးသားထားတဲ့ အဲဒီစာရွက်တွေကို စက်တင်ဘာလ ၄ ရက်နဲ့ ၅ ရက်နေ့ ညမှာ အမည်မသိသူတွေက ဓာတ်တိုင်တွေမှာ လိုက်ကပ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

မဟာအောင်မြေ၊ ချမ်းမြသာစည်နဲ့ ချမ်းအေးသာဇံမြို့နယ်တွေက လမ်းထောင့် ဓာတ်တိုင်တွေမှာ ကပ်ထားခဲ့တဲ့ စာရွက်တွေကို သက်ဆိုင်ရာတာဝန်ရှိသူတွေက ညတွင်းချင်းပဲ သွားရောက်သိမ်းဆည်းခဲ့တယ်လို့ ရဲမှူးတင်ထွန်းအောင် ကပြောပါတယ်။

RFA Burmese
https://www.rfa.org/burmese
မန္တလေးမှာ အစိုးရအယုံအကြည်မရှိကြောင်း လှုံ့ဆော်စာကပ်သူတွေကို စုံစမ်းနေဆဲ မန္တလေးမှာ အစိုးရအယုံအကြည်မရှိကြောင်း လှုံ့ဆော်စာကပ်သူတွေကို စုံစမ်းနေဆဲ Reviewed by THITHTOOLWIN on 22:28 Rating: 5
Powered by Blogger.