ဆောကျောက်မီးသွေးတွင်းပြိုလို့ လူ လေးယောက်သေ

တွင်းထဲက လူတွေ ကယ်ထုတ်နေစဉ်
မကွေးတိုင်း ဆောမြို့နယ်၊ ကျောက်မြောင်းရွာနားက ကျောက်မီးသွေးတွင်းမှာ ပေါက်ကွဲမှုဖြစ်ပြီး တွင်းပြိုကျလို့ လူ လေးဦးသေဆုံးပြီး လေးဦး ကယ်ထုတ်မရဖြစ်နေပါတယ်။

ဂန့်ဂေါခရိုင်မှာ ထွန်းရာဇာ ကုမ္ပဏီက လုပ်နေတဲ့ တွင်းမှာ ပေါက်ကွဲပြီး မြေပြိုကျတာ ဖြစ်ပါတယ်။

စက်တင်ဘာ ၆ ရက်က သုံးလောင်း၊ နောက်တနေ့မှာ တလောင်းရတယ်လို့ ကယ်ဆယ်ရေးလုပ်နေတဲ့ ဆောမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှူး ဦးစောဝင်းက ပြောပါတယ်။

ဆေးရုံမှာ တင်ထားတဲ့ တယောက်က မစိုးရိမ်ရဘဲ တွင်းထဲမှာ ပိတ်နေလို့ ကျန်တဲ့ လေးယောက်ကို ကယ်ဖို့ခက်နေတာကြောင့် သူတို့ စည်းဝေးတိုင်ပင်နေတယ်လို့လည်း ဆိုပါတယ်။

ကုမ္ပဏီ မန်နေဂျာကို အမှုဖွင့်ထားတယ်လို့ ဆောမြို့မရဲစခန်းရဲ့ တာဝန်ကျ ရဲအရာရှိက ပြောပါတယ်။
 လေးဦး အသက်ဘေးကလွတ်
စက်တင်ဘာလ ၆ ရက် မနက်ပိုင်းက အလုပ်သမား ၁၂ ယောက်အလုပ်လုပ်နေတုန်း ပေါက်ကွဲပြိုကျလို့ လေးဦးက အသက်ဘေးလွတ်ပြီး လေးလောင်း ထုတ်လို့ရပေမယ့် ကျန်တဲ့တွင်းထဲပိတ်မိနေတဲ့ လေးယောက်ရဲ့ ကံကြမ္မာကတော့ တွင်းပိတ်နေတာအပြင် ကယ်ဆယ်ရေးပစ္စည်းတွေ အားနည်းနေတာကြောင့် မရေရာဘဲ ဖြစ်နေပါသေးတယ်။

လွန်ခဲ့တဲ့ ဩဂုတ်လဆန်းကလည်း စစ်ကိုင်းတိုင်း ကလေးဝမြို့နယ် သစ်ချောက်ကျေးရွာမှာ ကျောက်မီးသွေးတွင်းပေါက်ကွဲခဲ့လို့ တရုတ်နိုင်ငံသားတယောက် အပါအဝင် ငါးယောက်သေဆုံးခဲ့ပြီး လေးယောက် ဒဏ်ရာရခဲ့ပါသေးတယ်။
ကယ်ဆယ်ရသူတွေကို အောက်ဆီဂျင်ပေးကုသ 
BBC Burmese
https://www.bbc.com/burmese
ဆောကျောက်မီးသွေးတွင်းပြိုလို့ လူ လေးယောက်သေ ဆောကျောက်မီးသွေးတွင်းပြိုလို့ လူ လေးယောက်သေ Reviewed by THITHTOOLWIN on 19:08 Rating: 5
Powered by Blogger.