အရက်မူးနေသူနှင့် အပြန်အလှန် စကားများရာမှ လူသတ်မှုဖြစ်ပွား


ရန်ကုန် စက်တင်ဘာ ၂၂

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်၊ အမှတ်(၇၇)ရပ်ကွက်၊ အောင်သီရိလမ်းမပေါ်တွင် စက်တင်ဘာ ၂၀ ရက်နံနက်၁ နာရီခွဲခန့်တွင် မူးယစ်သောက်စားထားသူတစ်ဦးက ဆဲဆိုနေသည် ဟု ဆိုကာ လူတစ်ဦးက သံတုတ်ဖြင့်ရိုက်နှက်ခဲ့ရာ ရိုက်နှက်ခံရသူအား သင်္ဃန်းကျွန်းစံပြဆေးရုံကြီး သို့ပို့ဆောင်ရာတွင် သေဆုံးခဲ့သည်။

ဖြစ်စဉ်မှာ စက်တင်ဘာ ၂၁ ရက် တွင် အမှတ်(၇၇)ဂပ်ကွက် တွင် နေထိုင်သော အောင်မင်းဦး(ခ)အောင်ပု သည် အောင်သီရိ လမ်းမပေါ်တွင် သောက်စားမူးယစ် ဆဲဆိုနေသည် ဟုဆိုကာကျော်သူဝင်းဆိုသူမှ အရှည်(၃)ပေ လုံးပတ်(၁)ပေခန့်ရှိ သံတုတ်ဖြင့် ရိုက်နှက်ခဲ့ရာ နောက်စေ့တွင် ဖူးရောင်ပေါက်ပြဲဒဏ်ရာရှိခဲ့သဖြင့် ဆေးကုသရန် သင်္ဃန်းကျွန်းစံပြဆေးရုံကြီးသို့ ပိုဆောင်ရာသေဆုံးခဲ့သည်ဟု သိရှိရသည်။

သိုဖြစ်ရာ သေဆုံးသူ အောင်မင်းဦး(ခ)အောင်ပု အသက်(၄၀)နှစ်၏ ဇနီးဖြစ်သူမနီနီထွန်းမှတရားလိုပြုလုပ်၍ တိုင်တန်းခဲ့ရာ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့မရဲစခန်းက လူကိုသေစေရန် သံတုတ်ဖြင့်ရိုက်နှက်ခဲ့သူ ကျော်သူဝင်း အသက်(၂၂)နှစ်အား အမှုဖွင့်ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည်။

မင်းမင်း(ဆိပ်ကမ်း)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
အရက်မူးနေသူနှင့် အပြန်အလှန် စကားများရာမှ လူသတ်မှုဖြစ်ပွား အရက်မူးနေသူနှင့် အပြန်အလှန် စကားများရာမှ လူသတ်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 21:23 Rating: 5
Powered by Blogger.