မှန်လုံယာဉ်ငယ်နှင့် ဆိုင်ကယ်မျက်နှာချင်းဆိုင် တိုက်ရာ(၂)ဦးသေ(၁)ဦး စိုးရိမ်ဒဏ်ရာရ


သရက်ချောင်း စက်တင်ဘာ ၁၂

တနင်္သာရီတိုင်းဒေသကြီး သရက်ချောင်းမြို့နယ် စုံစင်ကျေးရွာအုပ်စု သဲချောင်းသားကျေးရွာ မြိတ်-ထားဝယ် ကားလမ်း မိုင်တိုင်အမှတ် (၃၅/၇ နှင့် ၃၆/ဝ) အကြားတွင် ယမန်နေ့ မွန်းလွဲ (၂)နာရီ (၂ဝ)မိနစ် အချိန်၌ မှန်လုံယာဉ်ငယ်နှင့် ဆိုင်ကယ်မျက်နှာချင်းဆိုင်တိုက်ရာ လူ(၂)ဦး သေဆုံးပြီး (၁)ဦးမှာ စိုးရိမ်ဒဏ်ရာ ရရှိခဲ့ကြသည်။

အဆိုပါဖြစ်စဉ်မှာ ထားဝယ်မြို့မှ မြိတ်မြို့သို့ မောင်းနှင်လာသော ယာဉ်မောင်း ဦးအောင်မြင့်သူ (၃၃)နှစ် အမှတ်(၂၅) နတ်စင်လမ်း၊ ရေပုံးရပ်ကွက်၊ မြိတ်မြို့နေသူ မောင်းနှင်ပြီး ယာဉ်ပေါ်တွင် ဦးအောင်မြင် (၇၂)နှစ်၊ စန္ဒဝတ်ရွာ၊ မြိတ်မြို့နယ်နေသူ လိုက်ပါမောင်းနှင်လာသည့် MON-1Q/----- TOYOTA – COASTER မှန်လုံယာဉ်ငယ်သည် အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြောသို့ ဝင်ရောက်ပြီး မြိတ်မှ ထားဝယ်ဘက်သို့ မောင်သက်မျိုးထွေး (၁၅)နှစ်၊ မောင်ဖြိုးဝေလင်း (၁၇)နှစ်၊ မောင်ပြည့်စုံအောင် (၁၅)နှစ်တို့ မောင်းနှင်လာသော ဆိုင်ကယ်အမှတ်- ၄၄ယ/----- WAVE-110 အား မျက်နှာချင်းဆိုင်ဝင်တိုက်မိ၍ မောင်သက်မျိုးထွေး နှင့် မောင်ပြည့်စုံအောင် တို့သေဆုံးပြီး မောင်ဖြိုးဝေလင်း တွင် စိုးရိမ်ဒဏ်ရာ ရရှိခဲ့သည်။

ယာဉ်အား မဆင်မခြင်ပေါ့လျော့စွာ မောင်းနှင်သူ ဦးအောင်မြင့်သူ အား နယ်မြေဝင်းဝစခန်းမှ ရေးဖွင့်ပြီး စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နိုင်ဝင်း(ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
မှန်လုံယာဉ်ငယ်နှင့် ဆိုင်ကယ်မျက်နှာချင်းဆိုင် တိုက်ရာ(၂)ဦးသေ(၁)ဦး စိုးရိမ်ဒဏ်ရာရ မှန်လုံယာဉ်ငယ်နှင့် ဆိုင်ကယ်မျက်နှာချင်းဆိုင် တိုက်ရာ(၂)ဦးသေ(၁)ဦး စိုးရိမ်ဒဏ်ရာရ Reviewed by THITHTOOLWIN on 21:40 Rating: 5
Powered by Blogger.