ဒေါ်အောင်ဆန်းစုကြည် ကြိုးပမ်းနေတဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေး လုပ်ငန်းစဉ် ဗီယက်နမ် ထောက်ခံ

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ ဗီယက်နမ်နိုင်ငံ သမ္မတ မစ္စတာ ကျန်ဒိုင်ကွမ်း တို့ ၂၀၁၈၊ စက်တင်ဘာ ၁၃ ရက်နေ့က ဟနွိုင်းမြို့ရှိ သမ္မတအိမ်တော် ဧည့်ခန်းမမှာ တွေ့ဆုံစဉ် / Photo: Myanmar State Counsellor Office - facebook
မြန်မာနိုင်ငံရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကြိုးပမ်းမှုကို ဗီယက်နမ်က ကူညီပေးမယ်လို့ သမ္မတ ကျန်ဒိုင်ကွမ်းက နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ကြာသပတေးနေ့က ဟနွိုင်းမြို့မှာ အတည်ပြု ပြောဆိုလိုက်ပါတယ်။

၂၁ ရာစုပင်လုံညီလာခံ တတိယအကြိမ် ဆွေးနွေးပွဲတွေ အောင်မြင်ခဲ့တာကိုလည်း ဗီယက်နမ် သမ္မတက ချီးကျူးပြောဆိုလိုက်သလို၊ မြန်မာနဲ့ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတွေ ဆက်လက်ဆောင်ရွက်ဖို့ ရည်ရွယ်ထားတယ် လို့လည်း ဆိုပါတယ်။

မြန်မာနဲ့ ဗီယက်နမ်နှစ်နိုင်ငံ ကုန်သွယ်ရေးတန်ဖိုးက ၂၀၁၇ ခုနှစ်မှာ အမေရိကန်ဒေါ်လာ သန်းပေါင်း ၈၃၀ ဖိုးရှိခဲ့ပြီး၊ ၂၀၁၆ ခုနှစ်ကထက် ၅၁ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် နှစ်နိုင်ငံ တရားဝင်ကုန်သွယ်မှု တန်ဖိုးကို ဒေါ်လာသန်း ၁ ထောင်ထိ မြှင့်တင်နိုင်အောင် သဘောတူ စာချုပ်တွေ မကြာခင်မှာ လက်မှတ်ထိုးမယ် လို့လည်း ဆိုပါတယ်။

မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထောက်ခံနေတဲ့အတွက် ဗီယက်နမ်ကို ကျေးဇူးတင်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က အသိအမှတ်ပြု ပြောဆိုလိုက်ပါတယ်။

RFA Burmese
https://www.rfa.org
ဒေါ်အောင်ဆန်းစုကြည် ကြိုးပမ်းနေတဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေး လုပ်ငန်းစဉ် ဗီယက်နမ် ထောက်ခံ ဒေါ်အောင်ဆန်းစုကြည် ကြိုးပမ်းနေတဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေး လုပ်ငန်းစဉ် ဗီယက်နမ် ထောက်ခံ Reviewed by THITHTOOLWIN on 10:52 Rating: 5
Powered by Blogger.